Main menu

Background

အရည်အသွေးအလိုက် ဈေးကွဲပြားတဲ့ ပြည်ပဲတီစိမ်း

Sun, 01/09/2011 - 04:40 -- Anonymous (not verified)

အရည်အသွေးအလိုက် ဈေးကွဲပြားတဲ့ ပြည်ပဲတီစိမ်း                 ပဲခူးတိုင်းဒေသကြီးအနောက်တွင် ပဲတီစိမ်းကို မြို့နယ်အားလုံးတွင် စိုက်ပျိုးမှုမရှိဘဲ ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ သဲကုန်းမြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပါတယ်။ ယခုဆိုရင် လျာထားဧက အားလုံးစိုက်ပျိုးပြီး ဖြစ်တယ်လို့ သိရပါတယ်။ ပဲတီစိမ်းဈေးနှုန်းအနေဖြင့် ယခုဇန်နဝါရီလဆန်းပိုင်းတွင် အစိမ်းရောင်တောက်သည့် ထိပ်စပဲအမျိုးအစားမှာ တစ်တင်းကို ကျပ် ၂၅၅ဝဝ နဲ့ အလတ်စမှာ တစ်တင်း ကျပ် ၂၃၅ဝဝ ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ပြည်ဈေးကွက်သို့ တစ်နေ့ကို အိတ်၁ဝဝ- ၁၅ဝ အဝင်ရှိနေခဲ့ပါတယ်။ အဝင်ရှိသလောက် နေ့စဉ် အရောင်းအဝယ်ဖြစ်နေခဲ့ပြီး ရန်ကုန်သို့ ဒီဇင်ဘာလ အတွင်း အိတ် ၇၃ဝဝ ခန့် တင်ပို့ရောင်းချခဲ့ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း