Main menu

Background

မုံရွာကုလားပဲ ပစ္စည်းရှားပေမယ့် အဝယ်ပါးလို့ ဈေးငြိမ်နေ

Sun, 01/09/2011 - 04:41 -- Anonymous (not verified)

မုံရွာကုလားပဲ ပစ္စည်းရှားပေမယ့် အဝယ်ပါးလို့ ဈေးငြိမ်နေ              ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလပထမပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲ ဈေးကွက်အနေနဲ့ ပစ္စည်းလက်ကျန်ရှား သွားသလို နယ်နဲ့ဒေသတွင်း အဝယ် အနည်းငယ်ပါးသွားလို့ ယခုအပတ်မှာ ဈေးငြိမ်နေခဲ့ပါတယ်။ ကုလားပဲရိုးရိုး တစ် တင်း ကျပ် ၁၈ဝဝဝ၊ ကုလားပဲ(တိုင်ပေ)တစ်တင်း ကျပ် ၂ဝဝဝဝ မှ ကျပ် ၂ဝ၃ဝဝ၊ ကုလားပဲ V2 ကျပ် ၂၂ဝဝဝ နဲ့ ကုလားပဲ 929 တစ်တင်း ကျပ် ၂၁၅ဝဝ အသီးသီး ပေါက်ဈေးဖြစ်ခဲ့ပါတယ်။ အဝယ်ပါးတယ်ဆိုပေမဲ့ မုံရွာ ကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၂ဝဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ နယ်တင်ပို့မှုကတော့ ယခု ရက်ပတ် အတွင်း မန္တလေးကို တင်း ၁၂ဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၇ဝဝ ခန့်ရှိခဲ့ တယ်လို့ ဈေးကွက်က ဆိုပါတယ်။                                                                                   ထွန်းလှိုင်