Main menu

Background

ထုတ်လုပ်မှု ခန့်မှန်းချက်များကြောင့် အိန္ဒိယကုလားပဲဈေးကျဆင်းနိုင်

Sun, 01/09/2011 - 04:44 -- Anonymous (not verified)

ထုတ်လုပ်မှု ခန့်မှန်းချက်များကြောင့် အိန္ဒိယကုလားပဲဈေးကျဆင်းနိုင်                အိန္ဒိယပဲအထွက်ပိုမယ့်မျှော်လင့်ချက်တွေကြောင့် ဈေးကျဆင်းမှုရှိသလို ဈေးကွက်တွေကို ဝင်ရောက်မှု ကျဆင်းပြီး ဝယ်လိုအားတွေတက်လာတာကြောင့် ဈေးမြင့်တက်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ အဓိကပဲစိုက်တဲ့ ပြည်နယ်တွေမှာ ပဲစိုက်ပျိုးမှုအခြေအနေကောင်းမွန်ပြီး အထွက်ပိုမယ့် မျှော်လင့်ချက် တွေကြောင့် လာမယ့်ရက်တွေမှာတော့ ဈေးမြင့်တက်မှုကို ကန့်သတ်စေနိုင်မယ်လို့ ခန့်မှန်းပါတယ်။ ပဲစိုက်ဧရိယာတွေ ပိုမိုလို့ အထွက်တိုးမယ် ခန့်မှန်းပေမဲ့ လွန်ခဲ့တဲ့ရက် အနည်းငယ်ကတော့ ဝယ်လိုအားတွေတက်လို့ ဈေးမြင့်တက်ခဲ့ပါတယ်။ ပဲအဓိကစိုက်ပျိုးတဲ့ အတ္တရာပရာဒေ့ရှ်၊ ရာဂျက်စသန်၊ မဟာရပ်ရှတရာနဲ့ ကာနာတာကာတို့မှာ မိုးရွာသွန်းပြီး မြေအစိုဓါတ်ကောင်းမွန်တာကြောင့် ပိုမိုစိုက်ပျိုးခဲ့တယ်လို့ ဆိုပါတယ်။ မနှစ်က ဈေးကောင်းရခဲ့တဲ့ တောင်သူများ ပိုစိုက်လာလို့ ပဲစင်းငုံနဲ့ မတ်ပဲစိုက်ဧရိယာ တိုးတက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တင်သွင်းမှု မြင့်တက်ခြင်းကလည်း ဈေးနှုန်းကို ထိန်းချုပ်စေပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ အတွက် ပဲထုတ်လုပ်မှု ပထမအကြိမ် ခန့်မှန်းချက်အရ မိုးပဲမျိုးစုံ ထွက်ရှိမှုဟာ တန်ချိန် ၆ သန်းအထိ ယခင်နှစ်ထက် ၄ဝ ရာခိုင်နှုန်းခန့် တိုးတက်နိုင် တယ်လို့ ခန့်မှန်းထားပါတယ်။                                                               ယမင်းခင်၊Source: Business standard