Main menu

Background

ပြည်ဈေးကွက်မှာ ပဲကြီးဈေးပြန်ကျ

Sun, 01/09/2011 - 05:14 -- Anonymous (not verified)

ပြည်ဈေးကွက်မှာ ပဲကြီးဈေးပြန်ကျ               ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ပဲကြီးဈေးနှုန်းများကျဆင်းခဲ့တာကို တွေ့ရပါတယ်။ ၂ဝ၁ဝ နှစ်ကုန်ပိုင်းတွင် ပဲကြီး (ကမ်းနား) မှာတစ်တင်းကို ၃၃၅ဝဝ ကျပ်နဲ့ ပဲကြီး (ရွှေကျွန်း) တစ်တင်း ၃၅ဝဝဝ ကျပ်ရှိခဲ့ပြီး ယခုနှစ်စတွင် ပဲကြီး (ကမ်နား) မှာ တစ်တင်း ၃၂ဝဝ ကျပ်နဲ့ ပဲကြီး (ရွှေကျွန်း) မှာ တစ်တင်း ၃၃၅ဝဝ ကျပ်သာ အရောင်းအဝယ် ဖြစ်ခဲ့တဲ့အတွက် တစ်တင်းကို ၁၅ဝဝ ကျပ်ဈေးကျ သွားခဲ့ပါတယ်။ ပဲကြော်လုပ်ငန်းသမားများမှ ပုံမှန်အဝယ်ရှိတဲ့ အတွက် တစ်ရက်ကို အိတ် ၁၅ဝ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလကုန်အထိ ရန်ကုန်သို့ အိတ် ၇၁ဝ နဲ့ မန္တလေးကို အိတ် ၆ဝဝ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။                                                                 ခင်ဆွေဝင်း