Main menu

Background

ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး(ဓာတ်ဆီ/ဒီဇယ်ဆီ)

Sun, 01/09/2011 - 05:17 -- Anonymous (not verified)

ဒီဇယ်၊ ဓာတ်ဆီ အသွင်းပို                ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဒီဇင်ဘာနောက်ဆုံးပတ်မှာ ဒီဇယ်ဆီ ပီပါ သုံးသိန်းတစ်သောင်းကျော်နဲ့ ဓာတ်ဆီပီပါ လေးသောင်းခြောက်ထောင်ကျော် စုစုပေါင်းပီပါ သုံးသိန်း ငါးသောင်းကျော် (တန်ချိန်အနေနဲ့ လေးသောင်းရှစ်ထောင် ကျော်) ကို တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် ဒီဇယ်ဓာတ်ဆီအဝင် စုစုပေါင်း မှာ တန်ချိန် သုံးသောင်းခြောက်ထောင်ကျော်ရှိခဲ့တာမို့ အဝင်တန်ချိန် တစ်သောင်း တစ်ထောင်ကျော်ကို ရေကြောင်းကနေ ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ဒီဇင်ဘာလချုပ်အနေနဲ့ ဒီဇယ်၊ဓာတ်ဆီ အဝင်စုစုပေါင်းမှာ တန်ချိန် နှစ်သိန်းကျော်ရှိခဲ့ပြီး နိုဝင်ဘာလရဲ့ ဒီဇယ်၊ ဓာတ်ဆီ အဝင်စုစုပေါင်းမှာ တန်ချိန် တစ်သိန်းတစ်သောင်း ကျော်ရှိခဲ့တာမို့ ဒီဇင်ဘာလမှာ တန်ချိန် နှစ်ဆခန့် ပိုမိုတင်သွင်းဖြန့်ဖြူးခဲ့တာ တွေ့ရပါတယ်။                                                  MIRT-DOT နယ်စပ်မှ ဓာတ်ဆီတင်သွင်းမှုပို၊ ဒီဇယ်တင်သွင်းမှုလျော့                   ဒီဇင်ဘာလ ၂၉ ရက်မှ ဇန်နဝါရီလ ၄ရက်ထိ ကာလအတွင်း နယ်စပ်စခန်း များမှ ဓာတ်ဆီ ၅၇၆၁၃ ဂါလန်နဲ့ ဒီဇယ်ဆီ ၂၂၁ဝ၉၂ ဂါလန် တန်ဖိုးစုစုပေါင်း ၆၄၁၇၇၂ ဖိုးတင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက် ဒီဇယ်ဆီ ဂါလန် ၅၆၇ဝဝဝ လျော့နည်းတင်သွင်းခဲ့ပြီး ဓာတ်ဆီ ၁ဝ၇၂၆ ဂါလန် တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် ဒီဇယ်ဆီတင်သွင်းမှုတွေကတော့ ကန်ပိုက်တီးမှ ၁ဝ၅ဝဝဝ ဂါလန်နဲ့ တာချီလိတ်မှ ၁၁၆ဝ၉၂ ဂါလန်ဖြစ်ပြီး ဓာတ်ဆီကို ကော့သောင်းမှ ၃၁၃၂၈ ဂါလန်နဲ့ တာချီလိတ်မှာ ၂၆၂၈၅ ဂါလန် အသီးသီးဖြစ်ပါတယ်။ MIRT(DOBT) ပြည်တွင်း လက်လီအရောင်းအဝယ်ဈေး             ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ဇန်နဝါရီ ၂ဝ၁၁                ဝယ်ဈေးဓာတ်ဆီ(ကျပ်)    ဝယ်ဈေးဒီဇယ်(ကျပ်)ရက်         ရန်ကုန်     မန္တလေး       ရန်ကုန်    မန္တလေး၃            ၃၂ဝဝ     ၃၅ဝဝ          ၃ဝဝဝ      ၃၅ဝဝ၄            ၃၂ဝဝ     ၃၅ဝဝ          ၃ဝဝဝ      ၃၅ဝဝ၅            ၃၂ဝဝ     ၃၅ဝဝ          ၃ဝဝဝ      ၃၅ဝဝ၆            ၃၂ဝဝ     ၃၅ဝဝ          ၃၁ဝဝ      ၃၅ဝဝ၇            ၃၂ဝဝ     ၃၅ဝဝ           ၃၁ဝဝ      ၃၅ဝဝMIRT-DOT