Main menu

Background

အိုပက်အဖွဲ့ရဲ့ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာ ရေနံထုတ်လုပ်မှုကို တစ်နေ့ စည် ၈၅ဝဝဝ တိုးမည်

Sun, 01/09/2011 - 05:21 -- Anonymous (not verified)

 အိုပက်အဖွဲ့ရဲ့ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာ ရေနံထုတ်လုပ်မှုကို တစ်နေ့ စည် ၈၅ဝဝဝ တိုးမည်                    အဖွဲ့ဝင်နိုင်ငံပေါင်း ၁၂ နိုင်ငံပါဝင်တဲ့ အိုပက်အဖွဲ့ရဲ့ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလ ရေနံထုတ်လုပ်မှုကိုနိုဝင်ဘာလအတွင်း ရေနံထုတ်လုပ်နိုင်မှုနဲ့ နှိုင်းယှဉ်တဲ့အခါ မြင့်တက်လာပြီး တစ်နေ့ ရေနံစည်ပေါင်း ၈၅ဝဝဝ ခန့် တိုးထုတ်လုပ်နိုင်မယ်လို့ gulf-time သတင်းမှာ ဖော်ပြထားပါတယ်။ ယခုလို တိုးမြှင့်ထုတ်လုပ်နိုင်မှုဟာ နိုင်ဂျီးရီးယားနဲ့ အီရတ်နိုင်ငံတို့က တိုးမြှင့်ထုတ်လုပ်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။                         နိုင်ဂျီးရီးယားနိုင်ငံဟာ နိုဝင်ဘာအတွင်းက ရေနံထုတ်လုပ်မှု နည်းတာ ကြောင့် ယင်းကို ကာမိစေရန်အတွက် ဒီဇင်ဘာလမှာ တိုးမြှင့်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အီရတ်နိုင်ငံရဲ့ ဒီဇင်ဘာလ ရေနံထုတ်လုပ်မှုမှာ နိုဝင်ဘာလက ထက် တစ်နေ့စည်ပေါင်း ၅၇ဝဝဝ ခန့်တိုးမြှင့်ခဲ့ပြီး တစ်နေ့ရေနံစည် အနည်းဆုံး စည် ၂ ဒသမ ၅၂ သန်း ထုတ်လုပ်နိုင်ခဲ့ရာ အီရတ်နိုင်ငံတောင်ပိုင်း ဘာစရာရှိ ရူမေလာ(Rumaila) နှင့် ဇူဘိုင်ရာ(Zubair)  ရေနံမြေများမှ တိုး၍ထုတ်လုပ်ခဲ့တာ ကြောင့်ဖြစ်ပါတယ်။                    အဆိုပါရေနံမြေများသည် အပြည်ပြည်ဆိုင်ရာရေနံကုမ္ပဏီများရဲ့ ဆက်သွယ် လာမှုကြောင့် ၂ဝ၁ဝ ခုနှစ် နောက်ပိုင်းမှစပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့တာဖြစ်ပါတယ်။                                    ဦီးသန်း (Source ; gulf-time.com)