Main menu

Background

အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂ဝဝဝ ဝန်းကျင် အတက်အကျဖြင့် သွားနေ

Sun, 01/09/2011 - 05:24 -- Anonymous (not verified)

 အခေါက်ရွှေ တစ်ကျပ်သား ကျပ် ၂ဝဝဝ ဝန်းကျင် အတက်အကျဖြင့် သွားနေ                 ရန်ကုန် ရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားအပေါ်၂ဝဝဝ ကျပ်ဝန်းကျင် အတက်အကျဖြင့် သွား နေကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်း ရှင်များအသင်းက သိရသည်။                 ''တစ်ပတ်လုံးမှာ ရွှေဈေးက ၂ဝဝဝ ကျပ်မှ ၂၅ဝဝ ကျပ် အတက်အကျနဲ့ သွားနေတယ်။ အရပ်ဝယ်လက်တွေလဲ ရွှေပြန်ထုတ်ရောင်းတဲ့ အခြေအနေ ရှိ တယ်။ လက်ကြီးသမားတွေက တရုတ် ငွေဈေး၊ ဒေါ်လာဈေး အေးနေတဲ့ အတွက် ငြိမ်နေတယ်။ ၂ဝ၁ဝ ခုနှစ်ရဲ့ နောက်ဆုံးပတ်ဆိုတဲ့ အနေအထား ကြောင့် လက်ကြီးသမားတွေက အလုပ် တွေနားပြီး အေးအေးဆေးဆေး နေကြ တဲ့သဘောရှိပြီး နှစ်သစ်ကျမှ အလုပ် ပြန်စမဲ့သူတွေ များတယ်။ နေ့စဉ် အရောင်းအဝယ်ဖြစ်နေတဲ့ နှုန်းကတော့ ကျမသွားဘူး။ ၅ ပိဿာခန့်တော့ ပုံမှန် သွားနေတယ်။ ငွေဈေးအေးတဲ့အတွက် ရွှေဈေးကနာလန်မထူတဲ့ အနေအထား မှာရှိပါတယ်''ဟု ယင်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။                    ဇန်နဝါရီလ ၇ရက်တွင် အခေါက် ရွှေတစ်ကျပ်သားလျှင် ကျပ် ၆၃ဝဝဝဝ- ၆၃၃၅ဝဝ ဖြစ်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် ၁၃၇ဝ-၁၃၆ဝ ဒေါ်လာ၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၂၉ဝဝဝ-၆၃ဝ၅ဝဝ ဖြစ်ခဲ့ပြီး ကမ္ဘာ့ရွှေ ဈေးမှာ တစ်အောင်စလျှင် ၁၃၇၂- ၁၃၇၅ဒေါ်လာ ဖြစ်ခဲ့သည်ဟုဆုသည်။ ခင်မျိုးသွယ်