Main menu

Background

၂ဝ၁၁ ခုနှစ်မှာ အိန္ဒိယက ရွှေပိုမိုတင်သွင်းမည်

Sun, 01/09/2011 - 05:26 -- Anonymous (not verified)

 ၂ဝ၁၁ ခုနှစ်မှာ အိန္ဒိယက ရွှေပိုမိုတင်သွင်းမည်                 ရွှေဝယ်ယူသူတွေနဲ့ ငွေဖောင်းပွမှု ကနေ အကာအကွယ်ယူလိုတဲ့ ရင်းနှီး မြူပ်နံှသူတွေကြောင့်၂ဝ၁၁ခုနှစ်အတွင်း မှာ အိန္ဒိယကတင်သွင်းမှုဟာ မြင့်တက် လာနိုင်တယ်လို့ ရွှေအကျိုးဆောင်လုပ် ငန်း Nirmal Bang Commodities Pvt  ကုမ္ပဏီက ပြောကြားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရွှေတင်သွင်းမှုဟာ ၂ဝ၁ဝ ပြည့်နှစ်က မက်ထရစ်တန်ချိန် ၇ဝဝ မှ ၇၂ဝ ထိရှိခဲ့ရာမှ ယခုနှစ်မှာ မက်ထရစ်တန်ချိန် ၇၇ဝ က ၈၁ဝ ထိ ရှိမယ်လို့ အကျိုးဆောင်လုပ်ငန်းရဲ့ ကုန်စည်သုတေသနမှူး ကူနာရှားက ပြောကြားပါတယ်။                        ရွှေဈေးနှုန်းဟာ ဒီဇင်ဘာ ၇ ရက် ကတစ်အောင်စကို ၁၄၃၁ ဒသမ ၂၅ ဒေါ်လာထိ စံချိန်တင် မြင့်တက်ခဲ့ပြီး ၂ဝ၁ဝ ခုနှစ်ကထက် ၃ဝ ရာခိုင်နှုန်းပိုမို ခဲ့ပါတယ်။ နှစ်အလိုက် တိုးတက်မှုရှိခဲ့ တာ (၁ဝ)ကြိမ်မြောက် ဖြစ်ပါတယ်။ စက်တင်ဘာ ၃ဝ ရက်မှာ ကုန်ဆုံးတဲ့ ကိုးလအတွင်း အိန္ဒိယရဲ့ရွှေဝယ်လိုအား က ၇၉ ရာခိုင်နှုန်းတိုးတက်ခဲ့တယ်လို့ ကမ္ဘာ့ရွှေကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။                     ဈေးနှုန်းတွေ မြင့်တက်နေပေမဲ့ ဝယ်လိုအားက ကောင်းနေပါတယ်။ ၂ဝ၁၁ ခုနှစ်မှာလည်း ၂ဝ၁ဝ လိုပဲ ဈေး ကောင်းနေဦးမှာပဲလို့ National Spot Exchange Ltd  ရဲ့ အမှုဆောင် အရာရှိခုျပ် အန်ဂျာနီဆင်ဟာက ပြော ပါတယ်။                   လက်ဝတ်ရတနာသုံးတဲ့ ရွှေဝယ်လိုအားက အိန္ဒိယမှာ စက်တင်ဘာမှာ ကုန်ဆုံးတဲ့ ကိုးလအတွင်း ၇၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ ရွှေကောင်စီက ပြောပါတယ်။ ှSource:bloomberg.net,    UNT