ဒီဇင်ဘာမြေဆီအဝင် တန်ချိန် ၆၇ဝဝ ကျော် ဒီဇင်ဘာလ နောက်ဆုံးပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၂၇ ရက်မှ ၂ဝ၁၁ ဇန်နဝါရီ ၃ ရက်နေ့အတွင်း ဓာတ်မြေသြဇာတန်ချိန် ၁၄၆၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၂၁၅ဝဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းတဲ့နိုင်ငံတွေကတော့ တရုတ်နိုင်ငံဘက်မှ ယူရီးယားဓာတ်မြေသြဇာတန်ချိန် ၇၂ဝ နှင့် ထိုင်းနိုင်ငံဘက်မှ တန်ချိန် ၇၄၄ တန် အသီးသီး တင်သွင်းခဲ့တာဖြစ်ပြီး ယခင် သီတင်းပတ်ထက်စာရင် အသွင်းလျော့ခဲ့တယ်လို့ ပြောရပါမယ်။ ဒီဇင်ဘာလ လခုျပ်အနေနဲ့တော့ ထိုင်းနိုင်ငံ၊တရုတ်နိုင်ငံ၊ ဘူဂေးရီးယားနဲ့ အိန္ဒိယ စတဲ့နိုင်ငံ တွေက ဓာတ်မြေသြဇာတန်ချိန် ခြောက်ထောင့်ခုနစ်ရာကျော် အသွင်းရှိခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလက အဝင်ထက်တန်ချိန် ၁၃ဝဝ ကျော်ပိုခဲ့ပါတယ်။ MIRT(DOT) နယ်စပ်အသွင်း အားကောင်းဆဲ နယ်စပ်စခန်းများဖြစ်တဲ့ မူဆယ်၊ တာချီလိတ်၊ ကော့သောင်း၊ တမူးနဲ့ ရိဒ် နယ်စပ်စခန်းများမှ ဒီဇင်ဘာလ ၂၉ ရက်မှ ဇန်နဝါရီလ ၄ ရက်ထိကာလအတွင်း ဓာတ်မြေသြဇာ ၁၆၁၃၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၃၃၆ သန်းဖိုးတင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၃၈၉၃ တန်သာတင်သွင်းခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၂၂၄ဝ တန်တင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁၅၃၇၇ တန်၊ တာချီလိတ်မှ ၄၂တန်ခွဲ၊ ကော့သောင်းမှ တန် ၆ဝ၊ တမူးမှ ၁၇တန်နဲ့ ရိဒ်မှ ၆၃၇တန်ခွဲ အသီးသီး ဖြစ်ပါတယ်။MIRT(DOBT)်ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက် ပါတယ်တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်) ယူရီးယား(တရုတ်)ရွက်လှေ ၂၂ဝဝဝ တီစူပါ(သံကွင်း-တရုတ်) ၂၄ဝဝဝ တီစူပါ(မြှား-တရုတ်) ၂၄ဝဝဝ ပိုတက်(တရုတ်) ၂၃၅ဝဝ ပိုတက်(ကနေဒါ) ၂၃၅ဝဝ ပိုတက်(အိန္ဒိယ) ၂၃၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၅ဝဝ ယူရီးယား(တရုတ်-ပန်းဖူး) ၂ဝ၆ဝဝ တီစူပါ GTSP 46% ၂၂၉ဝဝ တီစူပါ GSSP 16% ၁ဝဝဝဝ တီစူပါ GSSP 12% ၉၂ဝဝ ကွန်ပေါင်း(တရုတ်) 15:15:15 ၂၈ဝဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈၅ဝဝ ယူရီးယား(ရွှေတောင်-တရုတ်) ၂ဝဝဝဝ ယူရီးယား(ကမ္ဘာလုံး-တရုတ်) ၂ဝဝဝဝ ကုလားအုတ်(တရုတ်) ၂ဝဝဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၂ဝ၃ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၂ဝ၇ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၂ဝ၇ဝဝ တီစူပါ-(တရုတ်) 12% ၉ဝဝဝ တီစူပါ-(တရုတ်) 16% ၉၈ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၅ဝဝဝ တီစူပါ 10:10:5 (တရုတ်) ၁၄ဝဝဝ ပိုတက်(တရုတ်) ၂ဝဝဝဝ ဓာတ်ဆား (တရုတ်) ၁၃၇ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၂၅ဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၂၃ဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၂၈ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈၅ဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း 15:15:15 ၃၇ဝဝဝ တီစူပါ (တရုတ်)သံကွင်း 46% ၂၄၅ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၃၅ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၂ဝဝဝ MIRT (MAPT)
Background