ထိုင်းနှင့် ပါကစ္စတန် ဘိလပ်မြေများ အဓိကတင်သွင်း ဒီဇင်ဘာလရဲ့နောက်ဆုံးအပတ်မှာ ဘိလပ်မြေတန်ချိန် ၉၂ဝဝ တန်ဖိုး အနေ နဲ့ ကန်ဒေါ်လာ ၇၈၂ဝဝဝ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းလာပါ တယ်။ တင်သွင်းတဲ့နိုင်ငံတွေကတော့ ထိုင်းနိုင်ငံမှ ဆင်တံဆိပ်ဘိလပ်မြေတန်ချိန် ၇၅ဝဝ နဲ့ ပါကစ္စတန်နိုင်ငံဘက်မှ ဘိလပ်မြေတန်ချိန် ၁၇ဝဝ တို့ကိုအသီးသီးတင်သွင်း ခဲ့ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေအဝင်မှာ တန်ချိန် နှစ်သောင်းရှစ်ထောင် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တော်တော်လေး အဝင်လျှော့သွင်းလာတာတွေ့ရပါတယ်။ ဒီဇင်ဘာလ လချုပ်အနေနဲ့ အဝင်က တန်ချိန် တစ်သိန်းတစ်သောင်းကျော် ရှိခဲ့ပြီး ယခင်က နိုဝင်ဘာလအဝင်က တန်ချိန် ငါးသောင်းကျော်ရှိခဲ့တဲ့အတွက် အဝင် နှစ်ဆခန့် ပိုမိုတင်သွင်းခဲ့တာတွေ့ရပါတယ်။ ဒီဇင်ဘာလအတွင်း အသွင်း အများဆုံးနိုင်ငံကတော့ ထိုင်းနိုင်ငံနဲ့ပါကစ္စတန်နိုင်ငံများဖြစ်ပါတယ်။ ဒါ့အပြင် ယခင်နှစ် ဒီဇင်ဘာလက ဘိလပ်မြေကန်ဒေါ်လာ ၁ ဒသမ ၆ သန်းဖိုးသာ အဝင် ရှိခဲ့ပြီး ဒီ ၂ဝ၁ဝ ဒီဇင်ဘာလမှာတော့ ၉ ဒသမ ၆၃၄ သန်းဖိုးအထိ တည်ဆောက် ရေးလုပ်ငန်းတွေရဲ့ တိုးခဲျ့အစီအမံတွေကြောင့် အဝင်သိသိသာသာ တိုးလာတာ တွေ့ရပါတယ်။MIRT(DOT) နှစ်သစ်ကူးအားလပ်ရက်ရှည်များကြောင့် ဘိလပ်မြေတင်သွင်းမှုလျော့ ဒီဇင်ဘာ ၂၉ ရက်မှ ဇန်နဝါရီ ၄ ရက်ထိကာလအတွင်း နယ်စပ်စခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၆ဝ သန်းကျော်တန်ဖိုးရှိ ဘိလပ်မြေ ၆၅ဝ၄ တန် ကျော် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၇၃၇၉ တန်တင်သွင်းခဲ့တာမို့ ယခု အပတ်မှာ ၈၇၅ တန်တင်သွင်းမှုလျော့နည်းခဲ့ပါတယ်။ နှစ်သစ်ကူးပွဲတော် ကျင်းပ ခြင်း၊ နယ်စပ်မှာ လာရောက်အလုပ်လုပ်ကိုင်ကြသူများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ အလုပ်သမားများ ပိတ်ရက်ရှည်ကာလအတွင်း နေရပ်သို့ပြန်ကြတဲ့အတွက် ကုန်သွယ်မှုများ လျော့နည်းနေရခြင်းဖြစ်လို့ ဘိလပ်မြေ တင်သွင်းမှုလည်း လျော့ကျခဲ့ ရတာလို့ သိရပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာတင်သွင်းမှုတွေ ကတော့ မူဆယ်မှ တန် ၁၃ဝ ကျော် ၊ ကန်ပိုက်တီးမှ ၂၈၈၆ တန်၊ လွယ်ဂျယ်မှ ၇၄၇ တန်၊ တာချီလိတ်မှ ၉၃ဝတန်ကျော်၊ မြိတ်မှ ၅၁၈ တန်ကျော်နဲ့ စစ်တွေမှ ၁ဝ၅ တန်ကျော် အသီးသီးတင်သွင်းခဲ့တာဖြစ်ပါတယ်။MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း ပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါ တယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉ဝဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၃ဝဝ ဘိလပ်မြေ (AAA) ၅၂ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ဘိလပ်မြေ (TPI)ထိုင်း ၆၃ဝဝ ဘိလပ်မြေ(ဆင်မင်း) ၄၈ဝဝ ဘိလပ်မြေ(နှင်းတောင်) ၆၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၁ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆ဝဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၆၅ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅ဝဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၄ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၆၉ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၅၆ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၅၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၉ဝဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၇ဝဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၄ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၆ဝဝဝ ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည် ၅၈ဝဝMIRT (MAPT)
Background