Main menu

Background

၂ဝဝ၇ ခုနှစ်နောက်ပိုင်း ပထမအကြိမ်အနေနဲ့ ပဲပုပ်ဆီဈေးထက် အမြင့်ကိုရောက်ရှိခဲ့တဲ့ စားအုန်းဆီဈေး ပြန်လည်ကျဆင်း

Sun, 01/09/2011 - 06:29 -- Anonymous (not verified)

 ၂ဝဝ၇ ခုနှစ်နောက်ပိုင်း ပထမအကြိမ်အနေနဲ့ ပဲပုပ်ဆီဈေးထက် အမြင့်ကိုရောက်ရှိခဲ့တဲ့ စားအုန်းဆီဈေး ပြန်လည်ကျဆင်း               အစားအစာနဲ့ လောင်စာဆီအသုံးပြုဖို့ ဝယ်လိုအားတက်လာတာကြောင့် ၃ နှစ်ကျော်အတွင်း ပထမအကြိမ်အနေနဲ့ ပဲပုပ်ဆီဈေးထက် ဈေးပိုခဲ့တဲ့ စားအုန်ဆီဈေးဟာ လွန်ခဲ့တဲ့ ၃ ပတ်အတွင်း ဈေးနှုန်းကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ မတ်လပို့ရမယ့် စားအုန်းဆီကြိုပွိုင့်ဈေးဟာ တစ်တန်ကို ရင်းဂစ် ၃၈၁ဝ (ကန်ဒေါ်လာ ၁၂၄၂ ) ကို ၂ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့လို့ ဒီဇင်ဘာလ ၁၇ ရက်နောက်ပိုင်း အများဆုံးကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ပဲပုပ်ဆီကလည်း ဇန်နဝါရီလ ၅ ရက်နေ့က တစ်တန် ကန်ဒေါ်လာ ၁၄၃ဝ အထိ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။                   အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ မိုးရွာသွန်းမှုကြောင့် စားအုန်းဆီ ထုတ်လုပ်မှု ထိခိုက်ခဲ့ပြီး ပဲပုပ်ဆီ အများဆုံးထုတ်လုပ်တဲ့ အာဂျင်တီးနားမှာ  ရာသီဥတု ခြောက်သွေ့လို့ ပဲပုပ်အထွက် ထိခိုက်ခဲ့တဲ့အတွက် စားဆီရောင်းချမှု နည်းနိုင်တယ်ဆိုတဲ့ သတင်းများအရ လွန်ခဲ့တဲ့ ၆ လအတွင်း စားအုန်းဆီကြိုပွိုင့်ဈေး ၆၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ယခုရာသီကုန် ဟင်းသီးဟင်းရွက်ဆီ အရန် သိုလှောင်မှု ဟာလည်း ၇ နှစ်အတွင်း အနိမ့်ဆုံးကို ကျဆင်းမယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာနက ခန့်မှန်းထားပါတယ်။                     ဆီထွက်သီးနံှသုံးစွဲမှုဟာ ဇူလိုင်လထဲက မြင့်တက်ခဲ့ရာ အထူးသဖြင့် အာဂျင်တီးနားပဲပုပ်အထွက်လျော့မယ့် အလားအလာအရ နောက် ၃ လအတွင်း ဈေးနှုန်းမြင့်တက်နိုင်တယ်လို့လည်း Oil World  မှ ခန့်မှန်းထားပါတယ်။ မလေးရှား နိုင်ငံရဲ့ နိုဝင်ဘာလ စားအုန်းဆီထွက်ရှိမှုဟာ ပထမ ၅ လအတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့လို့ သိုလှောင်လက်ကျန်ကလည်း ၄ လအတွင်း ပထမအကြိမ်အနေနဲ့ ကျဆင်းခဲ့တယ်လို့ နိုင်ငံတော်စားအုန်းဆီအဖွဲ့က ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ ပြော ကြားခဲ့ပါတယ်။                     အထွက်လျော့ကျခြင်းနဲ့ ဝယ်လိုအားမြင့်တက်ခြင်းတို့ကြောင့် နောက် တစ်လအတွင်း စားအုန်းဆီကြိုပွိုင့်ဈေး တစ်တန်ကို ရင်းဂစ် ၄ဝဝဝ ထိ(ကန်ဒေါ်လာ ၁ဝ၇ဝ) လျော့သွားနိုင်တယ်လို့ ECM Libra  မှ ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံ ဒေလီယံကုန်စည်ဒိုင်မှာ စက်တင်ဘာလပို့ရမယ့် စားအုန်းဆီဈေးဟာ ၁ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၄၇၃ နဲ့ စက်တင်ဘာလ ပို့ရမယ့် ပဲပုပ်ဆီဈေးကလည်း ၁ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၅၈ဝ ဈေးဖြစ်တယ်လို့ သိရပါတယ်။             ယုဇန၊Source: bloonberg .net