Main menu

Background

ဒီတစ်ပတ် ပင်လယ်ရေကြောင်းက နှမ်း တန် ၅ဝဝ တင်

Sun, 01/09/2011 - 06:32 -- Anonymous (not verified)

ဒီတစ်ပတ် ပင်လယ်ရေကြောင်းက နှမ်း တန် ၅ဝဝ တင်                     ယခုတစ်ပတ် (ဒီဇင်ဘာလ ၂၇ ရက်မှ ဇန်နဝါရီလ ၃ ရက်)အတွင်း ပင်လယ်ရေကြောင်း နှမ်းတင်ပို့မှုမှာ တန် ၅ဝဝ သာရှိတာတွေ့ရပါတယ်။ ဈေးကွက်တွေကို နယ်စုံက နှမ်းအသစ်တွေ ဝင်ရောက်နေပြီဖြစ်ပြီး တရုတ် ဝယ်လက် ကလည်း ပုံမှန်ဆွဲနေတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာလည်း ပုံမှန် တင်ပို့နေ ကျ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူနဲ့ ဗီယက်နမ်ကို တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ သိပ္ပံနှမ်းနက် တစ်တန်ကို ကန်ဒေါ်လာ ၁၈၄ဝ- ၁၈၉ဝ ၊ ရိုးရိုးနှမ်းနက်တစ်တန်ကို ကန်ဒေါ်လာ ၁၄၈ဝ-၁၅၃ဝ နဲ့ နှမ်းဖြူ တစ်တန်ကို ကန်ဒေါ်လာ ၁၃၃ဝ-၁၃၈ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။                                                                                                                       MIRT - MAPT