Main menu

Background

နယ်စပ် အပို့တန် ၁၅ဝဝ ကျော်

Sun, 01/09/2011 - 06:35 -- Anonymous (not verified)

 နယ်စပ် အပို့တန် ၁၅ဝဝ ကျော်                         ဒီဇင်ဘာလ ၂၉ ရက်မှ ဇန်နဝါရီလ ၄ ရက်ထိကာလအတွင်းမူဆယ် နှင့် ချင်းရွှေဟော်နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၂၃ သန်းတန်ဖိုးရှိ နှမ်းရောင်စုံ တန်ချိန် ၁၅၇ဝကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၂ဝဝ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက်နှမ်းတင်ပို့နိုင်မှုများ ကတော့ ချင်းရွှေဟော်မှ နှမ်းဖြူ ၁ဝ တန်၊ မူဆယ်မှ နှမ်းဖြူ ၁၅၂ တန်၊ နှမ်းနက် တန် ၈၉ဝ ကျော်နဲ့ နှမ်းအခွံချွတ် ၅၁၈ တန်ကျော်အသီးသီးဖြစ်ပါတယ်။ တရုတ် နိုင်ငံအနေနဲ့ ဝယ်လိုအားမြင့်မားပေမဲ့ လက်ရှိ ပြည်တွင်းနှမ်းဈေး ယခုအပတ် အတွင်းအနည်းငယ် ပြန်မြင့်တက်လျက်ရှိတဲ့အတွက် တင်ပို့မှု လျော့နည်းနေပါတယ်။ ပြည်တွင်းဈေး၊ သယ်ယူစရိတ်နဲ့ ရောင်းရဈေး ယွမ်ငွေတန်ဖိုး ကျဆင်းလာမှု တို့ကြောင့် နှမ်းတင်ပို့သူများ အကိုျးအမြတ် လျော့နည်းမှုရှိနေတယ်လို့ နှမ်းကုန်သည် တစ်ဦးကပြောပါတယ်။ ယခုအပတ်နဲ့ယခင်အပတ်နှမ်းဈေးနှုန်းများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ်                                        မိမိဘက်(ကျပ်/တန်)                                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု                  ယခင်     ပြောင်းလဲမှု        %              ယခု         ယခင်     ပြောင်းလဲမှု     %နှမ်းဖြူ       ၁၁၅၈၂၄၇         ၁၁၅၃၈၇၇       ၄၃၇ဝ          ဝ .၄           ၁၃၁၈         ၁၃၁၄        ၄         ဝ .၃နှမ်းနက်     ၁၅၁၁၅၁၈          ၁၅၂၆၃၄၉     ၁၄၈၃၁            ၁             ၁၅၉ဝ        ၁၅၈၆        ၄          ဝ .၃MIRT (DOBT)