Main menu

Background

ဆောင်းနှမ်းအသစ် ပြည်ဈေးကွက်ကို စဝင်

Sun, 01/09/2011 - 06:45 -- Anonymous (not verified)

ဆောင်းနှမ်းအသစ် ပြည်ဈေးကွက်ကို စဝင်                ပဲခူးတိုင်း ဒေသကြီး အနောက် ပြည်ဈေးကွက်တွင် ဆောင်းနှမ်း အသစ်များ စတင်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ဟင်္သာတနဲ့ မိုးညိုဘက်မှ ဆောင်းနှမ်းအသစ်များ တစ်နေ့ကို အိတ် ၅ဝဝ-၆ဝဝ ခန့်ဝင်ရောက်လျက် ရှိပါတယ်။ ဇန်နဝါရီလကုန်နဲ့ ဖေဖော်ဝါရီလဆန်းတွင် ဆောင်းနှမ်းများ လှိုင်လှိုင် ဝင်ရောက်လာမှာဖြစ်ပါတယ်။ နှမ်းဈေးမှာ နှမ်းနက်အဟောင်း ၄၅ ပိဿာ တစ် အိတ်ကို ၈ဝဝဝဝ ကျပ်၊ အသစ် ၄၅ ပိဿာတစ်အိတ်ကို ၇၅ဝဝဝ ကျပ်နဲ့ နှမ်းနီ အဟောင်း ၄၅ ပိဿာ တစ်အိတ်ကို ၇၂ဝဝဝ ကျပ်၊ အသစ် ၄၅ ပိဿာ တစ်အိတ်ကို ၆၈ဝဝဝ ကျပ်ဈေးဖြင့် ပြည်ဈေးကွက်တွင် ဈေးဖွင့်ထားပြီး တစ်နေ့ကို နှမ်းအိတ် ၁ဝဝဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။                                                                      ဝေဝေမင်း