Main menu

Background

ယောနယ်ဆောင်းမြေပဲ ပခုက္ကူဈေးကွက်ကို ဝင်ပြီ

Sun, 01/09/2011 - 06:47 -- Anonymous (not verified)

ယောနယ်ဆောင်းမြေပဲ ပခုက္ကူဈေးကွက်ကို ဝင်ပြီ              ယောနယ်ဖြစ်တဲ့ ဂန့်ဂေါ၊ ထီးလင်းစတဲ့မြို့နယ်တွေမှာ တော်သလင်းလ ကစိုက်ခဲ့တဲ့ ဆောင်းမြေပဲများ ပခုက္ကူဈေးကွက်မှာ တွေ့နေရပါတယ်။ နေ့စဉ် ယောကားတွေနဲ့ ပိဿာချိန်တစ်သောင်း တစ်သောင်းခွဲခန့် အဝင်ရှိပါတယ်။ ဆီစက် သမားရော၊ လုံးဆံသမားပါ အသုံးပြူကြပါတယ်။ ဒီနှစ်မြေပဲပင်ဘဝမှာ ဂီရိမုန်တိုင်းရဲ့ ဒဏ်ခံလိုက်ရလို့ ယခင်နှစ်ထက် အထွက်လျော့နိုင်တယ်လို့ မြေပဲကုန်သည်တစ်ဦးက ပြောပါတယ်။ ယောမြေပဲ တစ်ပိဿာကို ၁ဝဝဝ ကျပ်၊ ၁၁ဝဝ ကျပ်ဈေးပေါက် ကြောင်း သိရပါတယ်။ မောင်မောင်အေး