Main menu

Background

ဆီစက်သမား အဝယ်သွက်တဲ့ မန်းမြေပဲဆီဆံ

Sun, 01/09/2011 - 06:49 -- Anonymous (not verified)

ဆီစက်သမား အဝယ်သွက်တဲ့ မန်းမြေပဲဆီဆံ                 ယခုတစ်ပတ် မန်းဈေးကွက်သို့ နေပြည်တော်တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မြင်းခြံ၊ ကျောက်ပန်းတောင်း၊ သဲတော၊ ဝမ်းတွင်း၊ နွားထိုးကြီး၊ စစ်ကိုင်းဒေသများအပြင် ဒေသစုံမှ ထွက်ရှိတဲ့ မြေပဲဆီဆံများ ဝင်ရောက်နေပါတယ်။ ဝင်ရောက်လာတဲ့ မြေပဲဆီဆံများကို ဆီစက်လုပ်ငန်းရှင်များမှ ဝယ်လိုအား ကောင်းနေတာကြောင့် အရောင်းအဝယ်သွက်နေပြီး ဈေးမြင့်လာတာကို တွေ့ရပါတယ်။ နေပြည်တော်တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မြေပဲဆီဆံက တစ်ပိဿာ ၁၅၅ဝ ကျပ်၊ သဲတော၊ ဝမ်းတွင်းဆီဆံက ၁၆၂ဝ ကျပ်၊ ပြန့် မြေပဲဆီဆံက ၁၆၅ဝ ကျပ်၊ အညာဆီဆံက ၁၆၇၅ ကျပ်တို့ဖြင့် ဈေးမာလာပြီး ရောင်းဝယ်နေကြပါတယ်။ ပဲဆီဈေးကတော့ တစ်ပိဿာ ၃၁ဝဝ ကျပ်-၃၂ဝဝ ကျပ်၊ ပဲဖတ်က ၆၈ဝ ကျပ်- ၆၉ဝ ကျပ်ဈေးရှိပြီး ဆီစက်လုပ်ငန်းရှင်များရဲ့ ဝယ်လိုအားကောင်းလာတာနဲ့အတူ ဈေးမာ နေဦးမယ်လို့ သိရပါတယ်။                                                           ကျော်ကျော်မိုး