Main menu

Background

အရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ စစ်ကိုင်းပဲပုပ်

Sun, 01/09/2011 - 06:50 -- Anonymous (not verified)

အရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ စစ်ကိုင်းပဲပုပ်            စစ်ကိုင်းတိုင်း ဒေသကြီးမှ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် ဆောင်းပဲပုပ် လျာထားဧက ၃ သောင်း ၂ ထောင်ကျော် အနက် ဧက ၂ သောင်း ၈ ထောင် ကျော် ၈၈ ရာခိုင်နှုန်း စိုက်ပျိုးပြီးဖြစ်ပါတယ်။ ဆောင်းပဲပုပ်မှာ မတ်လ၊ ဧပြီလ လောက်မှာ ထွက်ပေါ်မှာ ဖြစ်ပါ တယ်။ အခုအချိန် အရောင်းအဝယ်ဖြစ်နေတာ ကတော့ မိုးရာသီမှာစိုက်ခဲ့ပြီး ထွက်ခဲ့တဲ့ မိုးပဲပုပ်များဖြစ်ပါတယ်။ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်၊ မြင်းမူ၊ မြောင်မြို့နယ်များမှ ပဲပုပ်များ မုံရွာမြို့သို့ ဝင်ရောက်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ပထမပတ် အတွင်း ပဲပုပ် တစ်ပိဿာ ၇၃၉ ကျပ် ဈေးနဲ့ တစ်ရက် ပျမ်းမျှတင်း ၂ဝဝ ကျော် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။             စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှ မန္တလေးမြို့သို့ ၂ဝ၁ဝ ခု ဒီဇင်ဘာလ အတွင်း ပဲပုပ်တင်း ၁၂ဝဝ ကျော်- ၂ဝ၁၁ ခု ဇန်နဝါရီလ ပထမပတ် အတွင်း ပဲပုပ်တင်း ၂ဝဝ ကျော်စီးထွက် ခဲ့ကြောင်း သိရပါတယ်။            သန်းးသန်းးတင်