Main menu

Background

ကုလားပဲဈေးအနည်းငယ်လျော့

Sun, 01/09/2011 - 07:06 -- Anonymous (not verified)

ကုလားပဲဈေးအနည်းငယ်လျော့             အိန္ဒိယပြည်တွင်း ကုလားပဲ လက်ငင်းဈေးကွက်တွေမှာ ယခု တစ်ပတ် ကုလားပဲဈေးအနည်းငယ် လျော့ကျခဲ့ပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့အထိ အတ္တရာပရာဒေ့ရှ်မှာ ကုလားပဲစိုက်ပျိုးပြီးစီးမှုဟာ ဟက်တာ ၅ ဒသမ ၈၄ သိန်းရှိပြီး ယခင်နှစ်ကာလတူဟက်တာ ၆ ဒသမ ၃၂ သိန်းထက် လျော့ကျနေပါတယ်။ ဒါပေမဲ့ ဂူဂျာရတ်မှာ တော့ မနှစ်ကထက် စိုက်ဧရိယာဟက်တာ ၄၁၆ဝဝ ပိုနေပြီး ဟက်တာ ၁ ဒသမ ၉၂ သိန်းစိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ အတ္တရာပရာဒေ့ရှ် မှာ အစောပိုင်းစိုက်ပဲများ ဇန်နဝါရီလ တတိယပတ်လောက်မှာ ဝင်လာမယ်လို့သိရပါတယ်။ အချို့ဒေသတွေမှာ ရာသီဥတုအခြေ အနေ ကောင်းမွန်ခြင်းက ယခုနှစ်ပဲအထွက်ပိုဖို့ အလားအလာ ကောင်းတဲ့အတွက် ဈေးနှုန်းကျဖို့ ဖိအားဖြစ်စေပါတယ်။ ဒါပေမဲ့ သြစတြေးလျကုလားပဲကို အဝယ်သွက်နေတဲ့အတွက် ချန်နိုင်းဈေး ကွက်မှာ ဈေးနှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                                                        ဒေါ်လာ/တန်  ဈေးကွက်               ၆ .၁ .၁၁               ၅ .၁ .၁၁                       ၄ .၁ .၁၁                             ၃ .၁ .၁၁မွန်ဘိုင်း              ၅၅၂-၅၅၅                ၅၄၈-၅၅၃                         ၅၅၈                                 ၅၆ဝ-၅၆၁ဒေလီ                 ၅၃၄-၅၃၅                  ၅၄၂-၅၄၄                     ၅၃၅-၅၅၁                            ၅၅၄-၅၅၅ကန်ပါ                      ၅၄၁                        ၅၅၃                                ၅၆၂                            ၅၆ဝ-၅၆၂