Main menu

Background

်ပဲတီစိမ်းဈေး ပြန်လည်မြင့်တက်

Sun, 01/09/2011 - 07:13 -- Anonymous (not verified)

ပဲတီစိမ်းဈေး ပြန်လည်မြင့်တက်                  အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အစောပိုင်း ရက်က ဈေးအနည်းငယ်ကျဆင်းခဲ့ပေမဲ့ သီတင်းပတ်နှောင်းပိုင်းမှာ တော့ ဈေးပြန်လည်မြင့်တက်ခဲ့ပါတယ်။ လက်ငင်းဈေးကွက်တွေမှာ အရောင်းအဝယ်ထိုင်းလို့ ဈေးကျဆင်းပေမဲ့ အရည်အသွေးကောင်း ပဲရရှိနိုင်မှု နည်းလာကာ ဈေးနှုန်းကျဆင်းမှုကို ထိန်းထားပါတယ်။ နိုင်ငံတကာဈေးကွက်မှာ တရုတ်ဝယ်လိုအားကောင်း နေတာကြောင့် လွန်ခဲ့တဲ့လများအတွင်း ဈေးနှုန်းမြင့်တက်ခဲ့ပါတယ်။ မြန်မာနိုင်ငံက ပဲတီစိမ်းအသစ်များ အိန္ဒိယဈေးကွက်ကို ဖေဖော်ဝါရီလလယ် လောက်မှာဝင်ရောက်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အရည်အသွေးကောင်း ပဲရရှိမှုနည်းပေမဲ့ ဝယ်လိုအားနည်းတာကြောင့် လာမယ့်ရက်တွေမှာလည်း လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက် ပါတယ် ဇယား-၃                                                                                      ဒေါ်လာ/တန်  ဈေးကွက်                        ၆ .၁ .၁၁                  ၅ .၁ .၁၁               ၄ .၁ .၁၁                      ၃ .၁ .၁၁မွန်ဘိုင်း(ပဲတီရွှေဝါ)             ၁၄၃၅                        ၁၄၃၈               ၁၃၈၃-၁၃၉၄                     ၁၃၈၈ချန်နိုင်း(ပဲတီရွှေဝါ)              ၁ဝ၃၇                        ၁ဝ၄ဝ                     ၁ဝ၄၈                   ၁ဝ၇၅-၁ဝ၉၇ဒေလီ                          ၉၉၃-၁ဝ၂၆                   ၉၉၆-၁ဝ၂၉             ၁ဝဝ၄-၁ဝ၃၇               ၁ဝဝ၇-၁ဝ၄၁