Main menu

Background

ဒီဇင်ဘာလမှာ ဗီယက်နမ်မှ နဂါးမောက်သီး ဈေးမြင့်တက်ခဲ့

Sun, 01/09/2011 - 07:38 -- Anonymous (not verified)

 ဒီဇင်ဘာလမှာ ဗီယက်နမ်မှ နဂါးမောက်သီး ဈေးမြင့်တက်ခဲ့              ဒီဇင်ဘာလလယ်ကစပြီး နဂါးမောက်သီး ခြံများမှ ရောင်းဈေးဟာ တစ်ကီလိုဂရမ်ကို ဗီယက်နမ်ဒေါင် ၂၁ဝဝ ထိမြင့်တက်ခဲ့ပြီး နှစ် ၂ဝအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့တာ ဖြစ်တယ်လို့စိုက်ပျိုးရေးနဲ့နယ်စပ်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာန လက်အောက်ရှိ သွင်းကုန်သီးနံှစောင့်ကြည့်စိစစ်ရေးဌာနရဲ့ ထုတ်ဖော်ပြောကြား ချက် အရ သိရပါတယ်။                ဗီယက်နမ်နိုင်ငံမှာ Binh Thuan  ပြည်နယ်ဟာ နဂါးမောက်သီး အများဆုံး စိုက်ပျိုးတဲ့နေရာဖြစ်ပြီးလွန်ခဲ့တဲ့ နှစ်လခန့်ကစပြီး မီးသီးများထွန်းကာ နဂါးမောက်သီးများ လှိုင်လှိုင် ထွက်ဖို့အတွက် စီမံခဲ့ကြပါတယ်။Binh Thuan  မှာ နဂါးမောက်သီးစိုက်မြေ ၁၂၅ဝဝ ဟက်တာရှိပြီး ၂၆ဝဝ ဟက်တာက ထွက်ရှိတဲ့ နဂါးမောက်သီးများက Vietnam GAP  စံမှီလျက်ရှိပါတယ်။ ၂ဝ၁၅ ခုနှစ်မှာ ၁ဝဝ ရာခိုင်နှုန်း လုံး GAP စံမှီစေဖို့ ရည်ရွယ်ချက်ထား လုပ်ဆောင် လျက်ရှိပါ တယ်။ အမေရိကား၊ အီးယူ၊ အာရှ၊ အထူးသဖြင့် တရုတ် နိုင်ငံတို့သို့ နဂါး မောက်သီးများတင်ပို့နေပြီး စုစုပေါင်း တင်ပို့မှုရဲ့ ၇ဝ ရာခိုင်နှုန်းကို တရုတ်နိုင်ငံက ဝယ်ယူတယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံဟာ ဗီယက်နမ်နိုင်ငံမှ နဂါး မောက်သီး တန် ၈ဝဝ ခန့် တင်သွင်းလိမ့်မယ်လို့ မျှော်မှန်းလျက် ရှိပါတယ်။                                                                                 Source: VNA ,KKCM