Main menu

Background

အမေရိကန်၏ ဥပဒေသစ်ကြောင့် အိန္ဒိယအိုင်တီကုမ္ပဏီများ နစ်နာနိုင်

Sun, 01/09/2011 - 07:45 -- Anonymous (not verified)

  အမေရိကန်၏ ဥပဒေသစ်ကြောင့် အိန္ဒိယအိုင်တီကုမ္ပဏီများ နစ်နာနိုင်                    အမေရိကန်အစိုးရသည် စီးပွားရေးဆိုင်ရာ ဥပဒေတစ်ရပ်ရေးဆွဲပြီး မကြာသေးမီရက်ပိုင်းအတွင်း လွှတ်တော်၌ ဖတ်ကြားခဲ့ရာ ယင်းဥပဒေကြောင့် အိန္ဒိယနိုင်ငံသား များပိုင် အိုင်တီကုမ္ပဏီများအနေဖြင့် နစ်နာမှုရှိလာနိုင်ကြောင်း သိရှိရသည်။ အဆိုပါဥပဒေအရ အိန္ဒိယအိုင်တီ ကုမ္ပဏီများ၏ ကုန်ပစ္စည်းများအား အမေရိကန်နိုင်ငံသို့ တင်သွင်းရာတွင် အမေရိကန်အစိုးရမှ ၂ ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ရာ အိန္ဒိယ အိုင်တီကုမ္ပဏီများအနေဖြင့် နစ်နာမှု ရှိလာနိုင်ကြောင်း အမေရိကန်အစိုးရအနေဖြင့် ယင်းဥပဒေအား ပြန်လည် ရုပ်သိမ်းပေးပါက အိန္ဒိယအိုင်တီကုမ္ပဏီများအတွက် အဆင်ပြေ အကိုျးဖြစ်ထွန်းမည်ဖြစ်ကြောင်း အိန္ဒိယ ဗဟိုအစိုးရအဖွဲ့က ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလ ၃၁ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။                                  မာဂျာနို