Main menu

Background

တစ်ပတ်အတွင်းက ပင်လယ်ရေကြောင်းက တန် ၁ဝဝဝ ကျော်တင်

Sun, 01/09/2011 - 08:06 -- Anonymous (not verified)

တစ်ပတ်အတွင်းက ပင်လယ်ရေကြောင်းက တန် ၁ဝဝဝ ကျော်တင်                      ဒီဇင်ဘာ ၂၇ ရက်မှ ဇန်နဝါရီ ၃ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှရော်ဘာတန်ချိန် ၁ဝ၁၆ တန် တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၆၄၄ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၇၉၄ တန်တင်ပို့ခဲ့တာကြောင့် ယခုအပတ်မှာတန်ချိန် ၂၂၂ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကိုRSS-3 ၁၄၈ တန် ၊ RSS-5 တန် ၆ဝ၊MSR-20 တန် ၁ဝဝ၊ မလေးရှားကိုRSS-5 ၁၄ဝ တန် နဲ့ RSS-3 ၅၆၈ တန် အသီးသီး တင်ပို့ခဲ့တာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ပင်လယ်ရေကြောင်းက တင်ပို့တဲ့  FOB ဈေးနှုန်းတွေကတောRSS-3 တစ်တန် ၄၅ဝဝဒေါ်လာ၊ RSS-5 တစ်တန် ၄၄ဝဝ ဒေါ်လာနဲ့၊ MSR-20 တစ်တန် ၄၅ဝဝ ဒေါ်လာ ဖြစ်ကြောင်း သိရပါတယ်။                                  KZW