Main menu

Background

ယခုအပတ်နယ်စပ်မှ ရော်ဘာတင်ပို့မှု လျော့နည်း

Sun, 01/09/2011 - 08:14 -- Anonymous (not verified)

ယခုအပတ်နယ်စပ်မှ ရော်ဘာတင်ပို့မှု လျော့နည်း               ဒီဇင်ဘာလ ၂၉ ရက်မှ ဇန်နဝါရီလ ၄ ရက်ထိ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကန်ဒေါ်လာ ၂ ဒသမ ၇၉၃ သန်းတန်ဖိုးရှိ ရော်ဘာ ၇၈၆ ဒသမ ၅၄၈ တန်တင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်အလိုက် ရော်ဘာတင်ပို့နိုင်မှုများကတော့ မူဆယ်မှ ရော်ဘာအဆင့်စုံ ၄၆၁တန်ကျော်၊ ချင်းရွှေဟော်မှ ၂၁၅ တန်ခန့် ကော့သောင်းမှ ၁ဝ တန်နဲ့ မြိတ်မှ တန် ၁ဝဝ အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။                ယခင်အပတ်က မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း ၂ ခုထဲကနေ ရော်ဘာအဆင့်စုံ ၁၇၉၂ တန်တင်ပို့နိုင်ခဲ့တာဖြစ်လို့ယခုအပတ်မှာ နယ်စပ်ကရော်ဘာတင်ပို့မှု တန် ၁ဝဝဝ ကျော်လျော့နည်းခဲ့ပါတယ်။ နယ်စပ်စခန်း အလိုက် ရော်ဘာအဆင့်များတင်ပို့နိုင်မှုမှာ မူဆယ်မှRSS (1) ၈၁ တန်၊ RSS (3) ၈၈ တန်ခွဲ၊RSS (5) တန် ၆ဝ၊MSR (20) ၈၇ ဒသမ ၇၆ တန်၊MSR (50) ၁၄၄ တန်နဲ့ ချင်းရွှေဟော်နယ်စပ်မှ RSS (3) ၁၁၅ တန်ကျော်၊RSS (5) တန် ၁ဝဝ၊ ကော့သောင်းမှ RSS (3) တန် ၁၁ဝနဲ့ မြိတ်နယ်စပ်မှRSS (3) တန် ၁ဝဝ ဖြစ်ပါတယ်။              တရုတ်ဈေးကွက်မှ ရော်ဘာများကို အခြားဈေးကွက်များနည်းတူဈေးနှုန်းတိုးမြင့်ဝယ်ယူတဲ့အတွက် ယခင်လ ပြည်တွင်းရော်ဘာဈေးအရ ရော်ဘာသိုလှောင်ထားသူများ အကျိုးအမြတ်ရှိတဲ့အတွက် ဒီဇင်ဘာလလယ်မှ လနှောင်းပိုင်း ကာလအတွင်း ရော်ဘာတင်ပို့မှုပိုမိုခြင်းဖြစ်ပါတယ်။ဒါပေမဲ့ ယခုအပတ်မှာ တစ်ဘက်နိုင်ငံဈေး အနည်းငယ်တက် ပြီး ပြည်တွင်း ဈေးမပြောင်းသော်လည်း တင်ပို့နိုင်မှု လျော့နည်းလျက်ရှိတာ တွေ့ရပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ်ရော်ဘာ ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် -                                             မိမိဘက်(ကျပ်/တန်)                             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                    ယခု                      ယခင်     ပြောင်းလဲမှု     %            ယခု          ယခင်    ပြောင်းလဲမှု     %RSS (3)      ၃၉၅၅၃၁ဝ         ၃၉၅၅၃၁ဝ                          -          ၄၃၆၂        ၄၃၄၉         ၁၃          ဝ .၃RSS (5)      ၃၇၂၂၅၁ဝ         ၃၇၂၂၅၁ဝ                          -           ၄ဝ၉ဝ        ၄ဝ၇၈        ၁၂          ဝ .၃MIRT (DOBT)