Main menu

Background

ရော်ဘာဈေးနှုန်း မြင့်တက်မှု နှစ်တစ်ပတ်လည်ပြီး ရောင်းလိုအားအတွက် စိုးရိမ်ဖွယ်ရှိ

Sun, 01/09/2011 - 08:22 -- Anonymous (not verified)

ရော်ဘာဈေးနှုန်း မြင့်တက်မှု နှစ်တစ်ပတ်လည်ပြီး ရောင်းလိုအားအတွက် စိုးရိမ်ဖွယ်ရှိ             ရော်ဘာဈေးနှုန်းမြင့်တက်မှုက နှစ်ပတ်လည်နေပြီဖြစ်ပြီး ထိပ်တန်းတင်ပို့သူဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ဆောင်း ရာသီဖြစ်တာ ကြောင့် အထွက်နှုန်းကျပြီး ၂ဝ၁၁ ခုနှစ်နှစ်ဆန်းပိုင်းတိုင်အောင် ရော်ဘာပြတ်လတ်မှု အခြေအနေဆိုး ရွားဖွယ်ရှိကြောင်း စိုးရိမ်နေကြရပါတယ်။တိုကျိုကုန်စည်ဒိုင်မှာ ဇွန်လအတွက်စာချုပ်ဈေးနှုန်းက သုည ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်တန်ကို ၅ဝ၉၄ ဒေါ်လာရှိခဲ့ပါတယ်။ထိုင်းနိုင်ငံမှာ ဖေဖေါ်ဝါရီလကနေ ဧပြီလ အထိ အပင်တွေရဲ့ အစေးထွက်နှုန်း လျော့ကျ သွားမှာဖြစ်ပါတယ်။တရုတ်နဲ့အိန္ဒိယက မော်တော်ကား ရောင်းချ ရမှုကို ဦးဆောင်နေပြီး အထွက်နှုန်းလျော့ကျတဲ့ ရာသီဥတု ဖြစ်ချိန်မှာ ကမ္ဘာ့ဝယ်လိုအား တက်နေတာကြောင့် ရောင်းလိုအားပြတ်လပ်မှု ပိုမိုဆိုးရွားလာဖွယ်ရှိပါတယ်။ဈေးကွက်မှာ ရောင်းလိုအား အကျပ်အတည်းကြောင့် စိုးရိမ်နေရကြောင်း ဲှဃ သုတေသနကုမ္ပဏီရဲ့ သုတေသီကပြောကြားခဲ့ပါတယ်။ ရေနံဈေးနှုန်းတက်ခြင်းကလည်း ရော်ဘာဈေးနှုန်းကို မြင့်တက်စေတာဖြစ်ကြောင်း၎င်းကဆက်လက်ပြောကြားခဲ့ပါတယ်။ ဖေဖေါ်ဝါရီလအတွက် ရေနံဈေးနှုန်းက သုည ဒသမ ၂ ရာခိုင်နှုန်းတက်ပြီးနယူးယောက်က မားကက်တိုင်း ကုန်စည်ဒိုင်မှာ တစ်စည်ကို ၉၁ ဒသမ ၃၃ ဒေါ်လာအထိဖြစ်ခဲ့ပါတယ်။ရော်ဘာရဲ့အလားအလာကတော့ ကမ္ဘာ့သုံးစွဲမှုအများဆုံး တရုတ်နိုင်ငံက ထိန်းချုပ် ကန့်သတ်လိုက်ရင် ကျဆင်းဖွယ်ရှိကြောင်း ရှိုးဂျီကုမ္ပဏီရဲ့သုတေသီကပြောကြားခဲ့ပါတယ်။တရုတ်အနေ နဲ့ ၂ဝ၁၂ မှာစိုက် ပျိုးရေးနဲ့ ပတ်သက်တဲ့စာချုပ်တွေတိုးလာနိုင်ပြီး ထိန်းချုပ်ကန့်သတ်မှုတွေ ဆောင်ရွက်ဖွယ်ရှိကြောင်း ရှန်ဟိုင်း စီကျူရီတီ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ကုန်သွယ်ရေးအတွက်ချုပ်ဆိုထားပြီး စာချုပ်တွေက ၂ဝ၁၁ ခုနှစ် ပြီးဆုံးချိန်မှာ သက်တမ်းကုန်ပြီး စာချုပ်သစ်တွေချုပ်ဆိုဖို့တော့ လေ့လာဆဲဖြစ်ကြောင်း ၎င်းအစီရင်ခံစာမှာဖေါ်ပြထားပါတယ်။သဘာဝ ရော်ဘာ ရောင်းလိုအားက ထုတ်လုပ်တဲ့ (၉)နိုင်ငံမှ ကမ္ဘာ့ ထုတ်လုပ်မှုရဲ့ ၉၂ ရာခိုင်နှုန်းထွက်ရှိပေမဲ့ ၂ဝ၁ဝ စတုတ္ထသုံးလပတ်မှာ ၆ဒသမ ၃ ရာခိုင်နှုန်းထုတ်လုပ်မှုကျဆင်း ခဲ့ပြီး ၂ဝ၁ဝ အတွက်ထုတ်လုပ်မှုကတော့ ၅ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ရော်ဘာထုတ်လုပ်သောနိုင်ငံ များအသင်း (ANRPC)က လစဉ်အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။ ANRPC အသင်းဝင်နိုင်ငံများရဲ့ ၂ဝ၁ဝ အထွက်နှုန်းက တန်ချိန် (၉ ဒသမ ၄၂ သန်း)ရှိပြီးလာမယ့်နှစ် မှာတန်ချိန် (၉ဒဿမ ၉၂ သန်း)ကို တိုးတက်ထုတ်လုပ်ဖွယ်ရှိကြောင်းအသင်းကပြောကြားခဲ့ပါတယ်။ရှန်ဟိုင်း ကုန်စည်ဒိုင်ရဲ့ မေလ အတွက်ဈေးနှုန်းက သုည ဒသမ ၈ ရာခိုင်နှုန်း တက်ပြီးတစ်တန်ကို ၃၆၅၄၅ ယွမ် (၅၅၃၄ဒေါ်လာ)ရှိ ကြောင်းသိရပါတယ်။             ထိုင်းနိုင်ငံရဲ့ လက်ငင်းဈေးနှုန်းကတော့ တစ်ကီလိုဂရမ်ကို ၁၄၉ ဘတ် (၄ ဒသမ ၉၆ ဒေါ်လာ) ရှိပြီး အစိုးမရတဲ့ မိုးကနိုင်ငံ တောင်ပိုင်းပြည်နယ်များကို လွှမ်းမိုးခဲ့တာကြောင့် ရောင်းလိုအား အကန့်အသတ်ရှိနေကြောင်း ထိုင်းရော်ဘာ သုတေသနဌာနရဲ့ website မှာ ဖေါ်ပြထားကြောင်း သတင်းရရှိပါတယ်။ Source : bloomberg.com,KZW