Main menu

Background

အရေအတွက် များများ တင်ပို့နိုင်ရေး ဦးစားပေးနေတဲ့ နယ်စပ်ပြောင်းဈေးကွက်

Sun, 01/09/2011 - 08:31 -- Anonymous (not verified)

အရေအတွက် များများ တင်ပို့နိုင်ရေး ဦးစားပေးနေတဲ့ နယ်စပ်ပြောင်းဈေးကွက်              ဒီဇင်ဘာလ ၂၉ မှ ဇန်နဝါရီလ ၄ ရက်အထိ ကာလအတွင်း မူဆယ်မှ ပြောင်းဖူးစေ့ ၁၄၁၃၆ တန်ကျော်၊ နံှစားပြောင်း ၅၁၃ တန်ကျော်နဲ့ ချင်းရွှေဟော် နယ်စပ်မှ ပြောင်းဖူးစေ့ တန် ၁ဝဝ၊ စုစုပေါင်း ၁၄၇၅ဝ တန်ခန့် တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၈၄၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။                ယခင်အပတ်ကပြောင်းဖူးစေ့ ၁၂၆၇၇ တန်သာတင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၂ဝဝဝ ကျော်ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ တစ်ဖက် နိုင်ငံဝယ်ဈေးဟာ ယခင်အပတ်ထက်ကျဆင်းလျက်ရှိပါတယ်။ကုန်သယ်ယူ စရိတ် နှုန်းထားများမှာ ယခင် တစ်ပိသာ ၂၅-၂၆ ကျပ်မှ လက်ရှိ တစ်ပိသာ ၈၂ ကျပ်သို့ မြင့်တက်လာသော်လည်း တစ်ဖက်နိုင်ငံဝယ်ဈေးမှာ ပြောင်းလဲမှုမရှိကြောင်း သိရ ပါတယ်။               လက်ရှိပြောင်းရာသီအတွင်း ထွက်ရှိမှုများပြီး စိုက်ပျိုးထုတ်လုပ်သူများ အနေနဲ့ သိုလှောင်ထား နိုင်ခြင်းမရှိတဲ့အတွက် အနိမ့်ဆုံးဈေးနှုန်းဖြင့်ရောင်းချခြင်း၊ ပြောင်း တင်ပို့သူများကလည်း အကျိုးအမြတ် အနည်းငယ်နဲ့အရေအတွက် များများ တင်ပို့နေကြတယ်လို့ မူဆယ်ပဲပြောင်းနှမ်းကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ပြောင်းဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်။                                        မိမိဘက်(ကျပ်/တန်)                                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                               ယခု           ယခင်        ပြောင်းလဲမှု     %        ယခု         ယခင်   ပြောင်းလဲမှု    %ပြောင်းဖူးစေ့       ၂၂၅၄၂၉      ၂၃၈၅၄၇        ၁၃၁၁၈          ၆      ၂၇၃         ၂၇၅       ၂                ဝ .၈နံှစားပြောင်း       ၂၅၈၂၉၅       ၂၆၂၁၅ဝ       ၃၈၅၆            ၂        ၃၃၂         ၃၃၁       ၁               ဝ .၃MIRT (DOBT)