Main menu

Background

ချီကာဂိုပြောင်း ဈေးနှုန်း ၂၉ လအတွင်း အမြင့်ဆုံးရောက်ရှိ

Sun, 01/09/2011 - 08:37 -- Anonymous (not verified)

ချီကာဂိုပြောင်း ဈေးနှုန်း ၂၉ လအတွင်း အမြင့်ဆုံးရောက်ရှိ                  ချီကာဂိုမှာ ပြောင်းဈေးနှုန်းဟာ ၂၉ လအတွင်းထပ်မံမြင့်တက်လျက် ရှိပြီး အလားတူပဲ ပဲပုတ်ဟာလည်း အာဂျင်တီးနားမှာ သာမန်ထက် ပိုပြီး ပူပြင်း ခြောက်သွေ့တဲ့အတွက် ၂၈ လအတွင်းဈေးထပ်တက်ကာစိုးရိမ်ဖွယ်ရာများ ဖြစ်နေကြောင်း သိရပါတယ်။ မတ်လအတွက် အရောင်းရဆုံးပြောင်းစာခုျပ်ဈေးနှုန်းက ၂ ဒသမ ၁ ရာခိုင်နှုန်း ဈေးတက်ပြီး တစ်ဘူရှယ်ကို ၆ ဒသမ ၂၉ ဒေါ်လာ (မက်ထရစ်တစ်တန်လျှင် ၂၂၄ ဒသမ ၅ ဒေါ်လာ)ဖြစ်ခဲ့ပါတယ်။ ပြောင်းနဲ့ ပဲပုပ် နှစ်မိုျးစလုံးရဲ့ ကမ္ဘာ့ဝယ်လိုအား တိုးပွားနေပြီး အာဂျင်တီးနားရဲ့ ရာသီဥတု အခြေ အနေက စိုးရိမ်ဖွယ်ရာဖြစ်နေပေမဲ့လည်း သီးနံှဈေးကွက်မှာတော့ အမှာများ ရှိနေ ကြောင်း သိရပါတယ်။ အမေရိကန်ရဲ့ အီသနောထုတ်လုပ်မှုက မှတ်တမ်းတင် လောက်တဲ့အဆင့်ကို ရောက်ရှိနေပြီး ယခင်ကတည်းက ပြောင်းဈေးနှုန်း မြင့် တက်မှုကြောင့်အမေရိကန်မှာ ပြောင်းသိုလှောင်မှု အကျပ်အတည်း ဆိုက်နေခဲ့ပြီး ဖိအားများ တိုးပွားနေကြောင်း အချို့ကုန်သည်များက ပြောကြားတယ်လို့ သတင်း ရရှိပါတယ်။                                                                                 Source:Internet,KZW