Main menu

Background

ဈေးအေးသော်လည်း အရောင်းအဝယ်သွက်တဲ့ စီပီပြောင်း

Sun, 01/09/2011 - 08:38 -- Anonymous (not verified)

ဈေးအေးသော်လည်း အရောင်းအဝယ်သွက်တဲ့ စီပီပြောင်း                မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁ဝ ခု ဒီဇင်ဘာလကုန်မှာ စီပီပြောင်း တစ်ပိဿာ ၂၇၈ ကျပ်မှ ၂ဝ၁၁ ခု ဇန်နဝါရီလပထမအတွင်း ၂၆၇ ကျပ်သို့ ဈေးအေးခဲ့ပါတယ်။ မုံရွာမြို့ကို ရေဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ အရာတော်၊ မြင်းမူ၊ မြောင်မြို့နယ်များမှ ပြောင်းအများအပြားဝင်ရောက်လို့ ဈေးအေးခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဈေးအေးသော်လည်း တိုင်းအတွင်းတိရစ္ဆာန်အစာနဲ့ တိုင်းပြင်ပ ဝယ်လက်ရှိနေတာကြောင့် မုံရွာကုန်စည်ဒိုင်မှာ စီပီပြောင်း တစ်ရက်ကို ပျမ်းမျှတင်း ၅ဝဝ ကျော်အရောင်းအဝယ်ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှ မန္တလေးမြို့သို့ ၂ဝ၁ဝ ခု ဒီဇင်ဘာလအတွင်း စီပီပြောင်း တင်း ၅ဝဝဝ ကျော်၊ ၂ဝ၁၁ ခု ဇန်နဝါရီလ ပထမအတွင်း စီပီပြောင်း တင်း ၈ဝဝ ကျော်စီး ထွက်ခဲ့ ကြောင်း သိရပါတယ်။ သန်းးသန်းးတင်