Main menu

Background

ငါးရှဉ့်တင်ပို့မှုက ဒေါ်လာ ၁၈ သန်းခန့် ရရှိထား

Sun, 01/09/2011 - 08:43 -- Anonymous (not verified)

 ငါးရှဉ့်တင်ပို့မှုက ဒေါ်လာ ၁၈ သန်းခန့် ရရှိထား               မြန်မာနိုင်ငံက ဖမ်းဆီးရရှိ သည့် ငါးရှဉ့်များကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့ ရောင်းချလျက်ရှိရာ ဒီဇင်ဘာ လကုန်အထိ ဒေါ်လာ ၁၈ သန်းခန့်ရရှိထားကြောင်းသိရသည်။ '' မြန်မာနိုင်ငံက ငါးရှဉ့်တွေ ကို တရုတ်နိုင်ငံကို အဓိကတင်ပို့နေတာ ပါ။ တရုတ်မှာငါးရှဉ့်ကို အတော် စားသုံးသလို အချို့ငါးရှဉ့်တွေကိုတော့ အရွယ်ကြီးတွေရအောင်ပြန်မွေးမြူကြ တယ်။ ပြီးမှ ဝယ်လက်ရှိတဲ့ ရုရှားတို့၊ ဂျပန်တို့ကို အမြင့်ဈေးနဲ့ ပြန်ပို့ တယ် လို့သိရပါတယ်။ မြန်မာရေလုပ်ငန်းရှင် တွေအနေနဲ့ သူတို့ရဲ့ မွေးမြူတဲ့နည်း ပညာ သူတို့တင်ပို့တဲ့ ဈေးကွက်တွေကို လေ့လာပြီး ဘယ်လိုလုပ်သင့်တယ်ဆို တာ ကိုဆုံးဖြတ်လုပ်သင့် ပါပြီ။ ကိုယ့် ဆီက ကုန်ကြမ်းကိုယူပြီး တင်ပို့သူ တွေ ထက်စာရင် ကိုယ့်ကုန်ကြမ်းနဲ့ တန်ဖိုး မြှင့်ကုန်တွေ မွေးမြူထုတ်လုပ် တင်ပို့ သင့်ပါတယ် '' ဟု ငါးရှဉ့်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။                ငါးရှဉ့်များကို မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေး စခန်းများနှင့် လေ ကြောင်းလိုင်းတို့ကတစ်ဆင့် ပြည်ပသို့ တင်ပို့လျက်ရှိသည်ဟု ဆိုသည်။                                                          ခင်မျိုးသွယ်