Main menu

Background

ရေထွက်ကုန်ပစ္စည်း တင်ပို့မှုက သန်း ၂၉ဝ ခန့်ရရှိ

Sun, 01/09/2011 - 08:47 -- Anonymous (not verified)

 ရေထွက်ကုန်ပစ္စည်း တင်ပို့မှုက သန်း ၂၉ဝ ခန့်ရရှိ                     မြန်မာနိုင်ငံက ဖမ်းဆီးမွေးမြူထုတ်လုပ်သည့် ရေထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချ လျက်ရှိရာ ဒီဇင်ဘာလကုန်အထိ ဒေါ်လာသန်း ၂၉ဝ ခန့် ရရှိထားပြီးဖြစ်ကြောင်းသိရသည်။ '' ရေထွက်ကုန်ပစ္စည်းတွေကို ပင်လယ်ရေကြောင်းကနေတင်ပို့တာ ဒေါ်လာ ၂၆ဝ ခန့်နယ်စပ်ကုန်သွယ် ရေးစခန်း တွေဖြစ်တဲ့ မူဆယ်က ဒေါ်လာ ၅၄ သန်းခန့် ၊ မြဝတီကဒေါ်လာ၅ သန်းခန့်၊ ကော့သောင်းက ဒေါ်လာ ၁၆ သန်းခန့်၊ စစ်တွေကဒေါ်လာ ၆ သန်းခန့်၊ မြိတ်က ဒေါ်လာ ၇၁ သန်းခန့် ၊ မောင်တောက ဒေါ်လာ ၃ သန်းကျော်၊ တမူးက ဒေါ်လာ ဝ ဒသမ ဝ၁၃ သန်းခန့် စုစုပေါင်းဒေါ်လာ သန်း ၂၉ဝ ခန့်ရရှိထားပါတယ်။ ရေထွက်ကုန်တွေအနက် ပင်လယ် ငါးမျိုးစုံ၊ ရေချိုမွေးမြူရေးငါး၊ ကဏန်း၊ ငါးရှဉ့်၊ ရေမှော်စတဲ့ပစ္စည်းတွေကို နိုင်ငံပေါင်း ၃၃ နိုင်ငံကို အဓိက တင်ပို့နေပါ'' ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။ ယခုအခါရေထွက်ကုန်ပစ္စည်းများကိုပိုမိုတင်ပို့နိုင်ရန်အတွက် မွေးမြူရေးသမားများအနေဖြင့် စူတန်ငါး၊ အအေးပိုင်း ဒေသများတွင် မွေးမြူရသည့်ငါးများ၊ ပင်လယ်မျှော့နှင့် ခရုများကိုတိုးခဲျ့မွေးမြူလျက်ရှိသည်ဟုဆိုသည်။ ခင်မျိုးသွယ်