Main menu

Background

ငါးသယံဇာတကြီးထွားဖို့ ငါးပေါက်ဖွားကြီးထွားချိန် ပေးဖို့လို

Sun, 01/09/2011 - 08:49 -- Anonymous (not verified)

 ငါးသယံဇာတကြီးထွားဖို့ ငါးပေါက်ဖွားကြီးထွားချိန် ပေးဖို့လို             ငါးသယံဇာတကြီးထွားရန် အတွက် ငါးများပေါက်ဖွားကြီးထွားချိန် ရှိရန်လိုအပ်ကြောင်း ပင်လယ်ငါးဖမ်း လုပ်ငန်းရှင်များထံကသိရသည်။ ''ဒီနှစ်ထဲမှာ ပင်လယ်ရေစီးကြောင်း ကပုံမှန်အတိုင်းမဟုတ်ဘဲ တစ်ခါတရံ ရေစီးကြောင်းပြောင်းလဲတာတွေ့ရ တယ်။ အဲဒီလို ရေစီးကြောင်းပြောင်းလဲ ရင်ငါးတည်ရှိတဲ့နေရာအထိုင်တွေလည်း ပြောင်းလဲတတ်ပါတယ်။ ဒါကြောင့် ဖမ်း ဆီးရမိတဲ့ ငါးပုစွန်တွေကိုလေ့လာကြည့် ရင် အရင်ကဖမ်းဆီးရမိတဲ့အကောင် အရွယ်အစားတွေလောက် မကြီးတာ၊ မမီတာတွေကို တွေ့ရပါတယ်။ ငါးသယံ ဇာတတွေကြီးထွားဖို့အတွက် ငါးပေါက် ဖွားကြီးထွားချိန်ရှိဖို့လိုပါတယ်။ ပေါက်ဖွားကြီးထွားနိုင်ရန် ငါးဖမ်းကာလသတ် မှတ်ခြင်းကြောင့် ငါးသယံဇာတပေါ  ကြွယ်ဝမှုကိုဖြစ်စေပြီး ငါးသယံဇာတကို လည်း ထိန်းသိမ်းရာရောက်ပါတယ်''ဟု ပင်လယ်ငါးဖမ်းလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။                   မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းဆီး ရမိသည့်နှုန်းများမှာ၁၉၈၂-၈၃ ခုနှစ် တွင်တစ်နာရီလျှင် ငါးဖမ်းရရှိမှုမှာ ၂၈၈  ကီလိုအထိရှိခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် တစ်နာရီလျှင် ငါးဖမ်းရရှိမှုမှာ ၁၈၆ ကီလို သာရှိကာ ၂ဝဝ၆ ခုနှစ်တွင် ငါးဖမ်းရရှိ မှုမှာ ၈၆ ကီလိုသာ ရှိတော့သည်ဟုဆိုသည်။ ခင်မျိုးသွယ်