Main menu

Background

မန်းအိမ်ခြံမြေတွင် ရင်းနှီးမြူပ်နံှမှု ကိန်းဂဏန်း ပိုကြီးလာ

Sun, 01/09/2011 - 09:58 -- Anonymous (not verified)

 မန်းအိမ်ခြံမြေတွင် ရင်းနှီးမြူပ်နံှမှု ကိန်းဂဏန်း ပိုကြီးလာ                  ၂ဝ၁ဝ ခုနှစ် မန္တလေးအိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြူပ်နံှမှုကိန်းဂဏန်း များပိုကြီးလာကြောင်း အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီများထံမှ သိရသည်။ ''၂ဝ၁ဝ ခုနှစ်တစ်နှစ်လုံးကိုခြုံကြည့်ရင် မနှစ်ကထက် အရောင်းအဝယ်၊ အနုတ်အသိမ်း ပိုကောင်းလာတယ်။ ဈေးကွက်သွက်လက်မှုက ထက်ဝက် လောက်ကို တက်လာတယ်။ အိမ်ခြံမြေမှာ တစ်ဦးချင်းရဲ့ ရင်းနှီးမြူပ်နံှမှုကို ကြည့်ရင် ကိန်းဂဏန်းကြီးတဲ့ အိမ်ခြံမြေတွေမှာပိုပြီးရင်းနှီးမြူပ်နံှလာကြတယ်။ အရောင်းအဝယ် အေးသွားတယ်ဆိုပေမယ့် အရောင်းအဝယ်ရဲ့ရင်းနှီးမြူပ်နံှမှု မှာ ကိန်းဂဏန်းပိုကြီးလာတယ်။ ဒါကြောင့် လောလောဆယ် ရွှေဈေးက အတက်အကျမြန်တဲ့အတွက် ဈေးကွက်အေးနေတယ်။ ကားဈေးကွက်က လည်း မန္တလေးမှာ ဈေးကွက်အေးတယ်။ ငွေဈေးကြည့်ပြန်တော့ မာနေတယ်။ ဒီနှစ်ရဲ့ ကျောက်အရောင်းအဝယ်က ယခင်နှစ်ကထက် အရောင်းအဝယ်ပိုပြီး ကိန်း ဂဏန်းကြီးလာတယ်။                         ဒါကြောင့်အိမ်ခြံ မြေဘက်မှာ ကိန်းဂဏန်းတန်ဖိုးကြီးကြီး တွေပိုပြီး ရင်းနှီးမြူပ်နံှလာကြတယ်''ဟု ထွန်းသစ္စာ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းက ဦးတင်မောင်က ပြောကြားသည်။                                            ခင်မျိုးသွယ်