Main menu

Background

တာယာများ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လျက်ရှိ

Sun, 01/09/2011 - 10:13 -- Anonymous (not verified)

 တာယာများ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လျက်ရှိ                  မိုးတွင်းကာလတွင် တာယာများ အရောင်းအဝယ် ကျဆင်းခဲ့သော်လည်း ယခု ပွင့်လင်းရာသီမှစ၍ တာယာများ အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာကြောင်း တာယာရောင်း ဝယ်သူတစ်ဦးက ပြောကြားသည်။                 ''ယခု ပွင့်လင်းရာသီရောက်လာတော့ ခရီးသွားလုပ်ငန်းမှာ အသုံးပြုတဲ့ မော် တော်ယာဉ်တွေအတွက် ဝယ်ယူမှုတွေများလာတယ်။ နယ်ကနေပြီးတော့ မှာတာ တွေလည်း များလာတယ်။ တောင်တက် တောင်ဆင်းခရီးတွေများတဲ့ နေရာတွေမှာ ဆိုရင် တာယာတွေက ပန်းတွေပါးနေလို့မဖြစ်ဘူး။ ပန်းပါးနေရင် ဘရိတ်မမိတာတို့၊ စလစ်ဖြစ်တာတို့ ဖြစ်တတ်တယ်။ ဒါကြောင့် ဒီခရီးသွား ရာသီအမီ ယာဉ်တွေ ကြံ့ခိုင်မှုရှိဖို့အတွက် ယာဉ်တွေကို ပြင်ဆင်လာကြရတယ်''ဟုယင်းက ပြောကြားသည်။ တာယာများအသုံးပြုရာတွင် ယခင်ကဈေးနှုန်းသက်သာသော တရုတ်တာယာ များကို အများဆုံးအသုံးပြုကြသော်လည်း ယခုနောက်ပိုင်းတွင် အရည်အသွေးပြည့် မီသော တာယာများကို ရွေးချယ်အသုံးပြုလာကြကြောင်း သိရသည်။ ''တရုတ်တာယာတွေက မြို့တွင်း အတွက်လောက်ပဲ အသုံးပြုဖို့သင့်ပါတယ်။ ဈေးနှုန်းအနေနဲ့ကလည်း တရုတ်တာယာနဲ့ အခြားအရည်အသွေး မြင့်တာယာ တွေနဲ့ယှဉ်ရင် ဈေးနှုန်းက ၁ဝ ရာခိုင်နှုန်းလောက် ကွာဟမှုရှိတယ်။ အဲဒီလို ဈေးနှုန်း ကွာဟမှုရှိတဲ့အတွက် တရုတ်တာယာတွေကိုပဲ အသုံးများနေကြတယ်။ ယခုနောက်ပိုင်း ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့မော်တော်ယာဉ်တွေက ဂျပန်တာယာ၊ အင်ဒို နီးရှားနဲ့ ထိုင်းတာယာတွေကို အများဆုံးအသုံးပြုလာကြတယ်''ဟု ယင်းက ထပ်မံ ပြောကြားသည်။                                              မင်းသန့်