Main menu

Background

အောက်ကားများ ကားသန့်ပါက အရောင်းအဝယ်ရှိပြီး ဈေးအနည်းငယ်မာ

Sun, 01/09/2011 - 10:21 -- Anonymous (not verified)

 အောက်ကားများ ကားသန့်ပါက အရောင်းအဝယ်ရှိပြီး ဈေးအနည်းငယ်မာ                       ရန်ကုန်မြို့၏ ကားဈေးကွက် ဖြစ်သော ဟံသာဝတီဝိုင်း၊ ကျောက်မြောင်း ဝိုင်းစသော ယာဉ်ရောင်းဝယ်ရေးစခန်း (ကားပွဲစားတန်း)များတွင် ခရစ္စမတ်ပွဲ တော်ကာလမှစ၍ နောက်ပိုင်း ကျောင်း ပိတ်ရက်၊ ရုံးပိတ်ရက်များ ဆက်လာ၍ လူရှင်းသွားသည့်နည်းတူအရောင်းအဝယ် လည်းကဲျနေကြောင်း သိရသည်။                       သို့ရာတွင် ယခင်ကထက် လူကဲျ၊ လူရှင်းသွားသော်လည်း သိန်း ၂ဝဝ ပတ်လည်၊ သိန်း ၁ဝဝ နှင့် သိန်း ၂ဝဝ ကြားကားများ ပြန်လည်လူမေးများ လာပြီး ဈေးတန်းအရ ၁ဝ သိန်း၊ သိန်း ၂ဝ ခန့် ပြန်မာလာကြောင်း၊ လက်ရှိ ရောင်းချနေသော စက်မှုဇုန်ထုတ် စူပါကက်စတန် အဆင့်မြင့် ၈ ယောက်စီး ဟိုက်အေ့စ်ယာဉ်များလည်း ဈေးမာရာ မှ ပါဝင်လာကြောင်း သိရသည်။ အပေါ်ဝိုင်း ပွဲစားတန်းမှ ဝါရင့် ဝယ်ရောင်းတစ်ဦးကမူ ''ဈေးတန်းတွေ ကတော့ ပြန်မာလာပါတယ်၊ ဒါပေမယ့် ဝယ်တဲ့လူကလည်း သန့်တဲ့ကား၊ ရှင်းတဲ့ကားမှသာဝယ်တဲ့အတွက် သန့် တဲ့အောက်ကားဈေးကွက်ဖြစ်တယ်''ဟု ရှင်းပြခဲ့ပြီး အမှန်တကယ် ဈေးကွက် တွင်းအခြေအနေမှာလည်း ထိုသဘော အတိုင်းပင်ဖြစ်နေကြောင်း သိရ သည်။ ကားလေလံပွဲများမှာ ဆက်လက် ကျင်းပနေဆဲဖြစ်ပြီး ဇန်နဝါရီလ ဒုတိယ ပတ် နေပြည်တော်တွင် ပြုလုပ်မည့် လေလံပွဲမှာ ကားစီးရေ ရာဂဏန်းမ ကျော်ဘဲ ဆိုင်ကယ်များသာ စီးရေ ထောင်ကျော်ကြောင်း သိရသည်။ သို့ရာတွင် ယခုလေလံပွဲများမှာ ကားဈေးများ ကျဆင်းနေခြင်း၊ ဌာန ဆိုင်ရာထုတ်ကားများ၊ စက်မှုဇုန်ထုတ် ကားများ၊ အများအပြား ဝင်ရောက်လာ ခြင်း စသည့်အချက်များကြောင့် ယခင် ကလောက် စိတ်ဝင်စားမှုမရှိဘဲ သတင်း စောင့်ခြင်း၊ ဈေးနှုန်း စောင့်ကြည့်ခြင်း များသာ ပြုလုပ်ကြကြောင်း သိရသည်။                                                           SN