Main menu

Background

ဈေးကျဆင်းလာတဲ့ ဂျပန် ဆိုက်ကယ်

Sun, 01/09/2011 - 10:23 -- Anonymous (not verified)

 ဈေးကျဆင်းလာတဲ့ ဂျပန် ဆိုက်ကယ်                   တရုတ်နိုင်ငံလုပ်ဆိုင် ကယ်များဝင်လာပြီးနောက် ဂျပန်ဆိုင်ကယ်ဈေးကွက်မှာ ဈေးနှုန်းရော၊ အရောင်းအဝယ်ပါ သုံးပုံနှစ်ပုံခန့် ကျဆင်းလာခဲ့သည်ဟု သိရသည်။ ယခင်က စိမ်းရွင်(၁ယ) သိန်း ၃ဝ၊ ၄ဝ ကျပ်ထိ ပေါက်ခဲ့တဲ့ဘီးများမှာ တရုတ်ဘီးများ ဈေးကွက်အတွင်း နေရာရလာပြီးနောက် ၁၅ သိန်းဝန်းကျင်အထိ ဈေးနှုန်းကျဆင်း ခဲ့ပါသည်။ အကျဘီးများမှာ အဝယ်မရှိသလောက်ဖြစ်ပြီး၊ ဈေးကွက်ပျောက်လျက်ရှိကြောင်း သိရသည်။                ဆိုင်ကယ်ဝယ်ရောင်းတစ်ဦးက ''တရုတ်ဆိုင်ကယ်တွေဝင်လာတော့ သာမန် လက်လုပ်လက်စားအားလုံး စီးနိုင်တဲ့ဈေးနှုန်းနဲ့ ဝင်လာတဲ့အတွက် ဂျပန်ဘီးက ဈေး မြင့်တော့ အဝယ်ပါးလာပါတယ်။ ၂ဝဝ၈ မှာတစ်ကြိမ်၊ ၂ဝ၁ဝ မှာ တစ်ကြိမ် လိုင်စင်ချထားပေးတဲ့အတွက် လိုင်စင်တစ်ခါချရင် ဂျပန်ဘီးဈေးတစ်ခါကျတယ်။                   ၂ဝဝ၈ ခုနှစ်က ဂျပန်ဘီးဈေးနဲ့ ၂ဝ၁ဝ ခုနှစ် ဂျပန်ဘီးဈေးက ၃ ပုံ ၂ ပုံ လောက် ကွာနေပြီ။ ဘီးကခိုင်ခံ့ လို့ကြိုက်ပေမယ့် တရုတ်ဘီးလို ဒီဇိုင်းမစုံ၊ အရောင်မစုံဘူး။ အသစ်လည်းမဟုတ်တော့ လူငယ်အများစုက မစီးချင်ကြဘူး။ ဂျပန်ဘီးက အသစ်မဝင်တဲ့အတွက် ရှိပြီးသားဘီးကိုပဲ အသစ်ပြန်ရှိုင်းပြီး အရောင်းအဝယ်လုပ်နေ ကြရတယ်။ ပစ္စည်းတင်ဖို့အတွက်တော့ အောက်ဘီးလေးတွေကို အသုံးပြုကြတယ်။ ပြန်ရောင်းလို့တော့ မလွယ်ဘူးပေါ့။ လိုင်စင် ထပ်ချပြီး၊ တရုတ်ဘီးတွေဆက်ဝင် နေရင် ဂျပန်ဘီးဈေးကွက်က ပျောက်နိုင်တယ်'' ဟု သုံးသပ်ပြောကြားသည်။ လတ်တလောမှာ ဘီးကောင်း၊ ဘီးသန့် ၁ဝ သိန်းအောက်ဝန်းကျင် ဂျပန်ဆိုင်ကယ်များ အဝယ်ရှိကြောင်း သိရသည်။ ဇူးဇူး