Main menu

Background

ရှမ်းချင်းသစ် ဈေးကွက်စဝင်ပြီ

Sun, 01/09/2011 - 10:41 -- Anonymous (not verified)

ရှမ်းချင်းသစ် ဈေးကွက်စဝင်ပြီ                ရှမ်းပြည်နယ်တောင်ပိုင်း ဈေးကွက်ထဲသို့ ချင်းသစ်များ ပုံမှန်စဝင်နေပါပြီ။ ဟိုပုံးမြို့နယ်တစ်ဝိုက်က ချင်းတွေကတော့ ရာသီဥတုကြောင့် အထွက်အနည်းငယ် လျော့ခဲ့ပြီး၊ အတက်လည်း အနည်းငယ် ညံ့ခဲ့တယ်လို့ သိရပါတယ်။ ဈေးက တစ်ပိဿာကို ကျပ် ၄ဝဝ ရှိတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ အောင်ပန်း၊ ဟဲဟိုးတစ်ဝိုက်က ချင်းများ ပုံမှန်အဝင်ရှိပြီး ဈေးကတော့တစ်ပိဿာ ကျပ် ၄၅ဝ မှ ၇ဝဝ ထိ ဈေးရှိကာ တစ်ပတ်အတွင်း ပြည်တွင်းသုံးရန်အတွက် ပိဿာချိန် ၂ သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ မနှစ်ကထွက်တဲ့ ချင်း ခြောက်က တစ်ပိဿာ ကျပ် ၂၅ဝဝ၊ ၂၆ဝဝ ရှိတယ်လို့သိရပါတယ်။ နမ့်ဆန် ဈေးကွက်မှာတော့ ချင်းအဓိက စိုက်တဲ့ လွိုက်ကြံ၊ နမ့်ဆွယ်၊ အမှတ်ကိုး၊ လွိုက်ဖွေး စတဲ့ရွာများမှ ချင်းများ ဈေးကွက်အတွင်း စတင်ဝင်ရောက်လာ ပါတယ်။ အခုမှ စဝင်တာဖြစ်လို့ ဈေးကတော့ တစ်ပိဿာကို ကျပ် ၃၅ဝ၊ ၄ဝဝ နဲ့ ဈေးစဖွင့်ပြီး လက်လီ အရောင်းသာ ရှိသေးတယ်လို့ ဈေးကွက်က သိရပါတယ်။                                                                                                                      စောယုထွေး