Main menu

Background

ဝယ်လိုအားနည်းတာကြောင့် အိန္ဒိယနနွင်းဈေးကျဆင်းလာ

Sun, 01/09/2011 - 11:01 -- Anonymous (not verified)

ဝယ်လိုအားနည်းတာကြောင့် အိန္ဒိယနနွင်းဈေးကျဆင်းလာ                   အိန္ဒိယနနွင်းလက်ငင်းဈေးကွက်များမှာ ဝယ်လိုအားနည်းတာကြောင့် ဇန်နဝါရီလ ၆ ရက်နေ့က တစ်တန်ကို ရူပီး ၅ဝဝဝ(ကန်ဒေါ်လာ ၁၁ဝ) ကျဆင်းခဲ့ပါတယ်။အီရော့ဈေးကွက်မှာဈေးပိတ်ရက်များအပြီး ဈေးကောင်းရမယ့် မျှော်လင့် ချက်တွေကြောင့် တောင်သူများအိတ် ၅ဝဝဝ ခန့်ဈေးကွက်ကို ယူလာပေမဲ့ ဝယ်လိုအားနည်းလို့ အိတ် ၂ဝဝဝ သာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။                    အိန္ဒိယမြောက်ပိုင်းက အမှာအော်ဒါအသစ်များမရှိတာကြောင့် ကုန်သည်တွေ ဝယ်ယူမှုကို ကန့်သတ်ထား ကြတယ်လို့ ဆိုပါတယ်။ ပြည်တွင်း ဝယ်လိုအားလည်း မရှိတဲ့အပြင် ပြည်ပအမှာများလည်းမရရှိလို့ ခုလိုဈေးကျဆင်း လာတာ ပါလို့ အီရော့နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာအာဗွီရာဗီရှန်ကာ ကပြောကြားပါတယ်။ ပြည်တွင်း ကုန်သည်များက နနွင်းအသစ်ဈေးကွက်ထဲ ဝင်ရောက်မယ့် ဇန်နဝါရီ တတိယပတ်လောက်မှာတော့ အော်ဒါအသစ်တွေ ရရှိမယ်လို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။ အဲဒီကာလတိုင်အောင်တော့ ဈေးငြိမ်နေမယ်လို့ ခန့်မှန်းကြပါတယ်။               ကီရာလာကုန်သည်တွေဟာ ဝင်ရောက်မှုနည်းတဲ့ Mysore နနွင်းအမျိုးအစားကို ပိုကြိုက်ပြီး ဘီဟာနဲ့ မဒ္ဒရာပရာဒေ့ရှ်က ကုန်သည်တွေကတော့လာမယ့်သီတင်းပတ်မှာဝင်ရောက်မယ့် ချင်နန်ပါတီနနွင်းအမျိုးအစားကို ပိုကြိုက်တယ် လို့ ဆိုပါတယ်။ လက်ရှိတောင်သူတွေ နနွင်းခြောက်ပြုလုပ်နေဆဲဖြစ်ပြီး လာမယ့်သီတင်းပတ်မှာ ဝင်ရောက်လိမ့်မယ်လို့ ဆိုပါတယ်။ အီရော့ကုန်သည်များအသင်း ရောင်းချတဲ့ဝင်းမှာ နနွင်းလက်ချောင်း တစ်တန်ကို ရူပီး ၉၄၂၉ဝ-၁၆၂၆၁ဝ (ကန်ဒေါ်လာ ၂ဝ၇၄-၃၅၇၇) ဖြစ်ပြီး နနွင်းဥဈေးက တစ်တန်ကို ရူပီး ၉၃၆၆ဝ-၁၆၁ဝ၉ဝ (ကန်ဒေါ်လာ ၂ဝ၆ဝ-၃၅၄၄) ဈေး ရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊Source: businessline