Main menu

Background

ဘုရင့်နောင်မှာမတ်ပဲ (RC) နဲ့ ပဲစင်းငုံနီ(RC)ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်

Tue, 01/11/2011 - 05:39 -- Anonymous (not verified)

ဘုရင့်နောင်ကုန်စည်ဒိုင်စဉ် အမျိုးအမည်             ရေတွက်ပုံ              (ပြည်ပရောင်း)              (ပြည်တွင်းရောင်း)                 ပြောင်းလဲမှု                                                               ယခင်       ယခု                  ယခင်       ယခု ၁ မတ်ပဲ(RC)                    ၁ တန်               ၆၃၄ဝဝဝ-၆၅၉ဝဝဝ                 -           -၂ မတ်ပဲ(ှSQRC)                ၁ တန်               ၇၈၅ဝဝဝ-၇၉ဝဝဝဝ                -           -၃ မတ်ပဲ(ကုန်ကြမ်း)           ၁ ပိဿာ                        -                             ၁ဝ၇ဝ-၁ဝ၈ဝ၄ ကုလားပဲဖြူလုံးကြီး         ၁ပိဿာ                         -                             ၁၁ဝဝ-၁၁၅ဝ၅ ပဲစင်းငုံနီ(သစ်)(RC)         ၁တန်                           -                          ၅၃ဝဝဝဝ-၅၇၅ဝဝဝဘုရင့်နောင်မှာမတ်ပဲ (RC) နဲ့ ပဲစင်းငုံနီ(RC)ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်              ဒီတစ်ပတ်ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ(RC)၊မတ်ပဲ(SQRC)နဲ့ ပဲစင်းငုံ(RC)တို့ဈေးမြင့်ပြီးအရောင်းအဝယ်ဖြစ်နေကြောင်းသိရပါတယ်။ မတ်ပဲ(ဲRC)ကို ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်ကြီးများနဲ့ ဝယ်ရောင်းကုန်သည်ကြီးများက အရည်အသွေးအ ပေါ်မူတည်ပြီး ဈေးပေးအဝယ်ရှိတာ တို့ကြောင့် ယခင်အပတ်နဲ့စာရင် ဈေးမြင့်် လာပြီး တစ်တန်ကိုအနိမ့်ဆုံး ၆၃၂ဝဝဝကျပ်မှအမြင့်ဆုံး ၆၅၉ဝဝဝ ကျပ် အတွင်း ၁၂၆၅ တန် ခန့်အဝယ်ရှိခဲ့သလို မတ်ပဲ (SQRC)ကိုလည်း ပြည်ပတင်ပို့ရန် ဝယ်ယူနေတဲ့ ကုန်သည်ကြီးများက တစ်တန်ကို ၇၉ဝဝဝဝ ကျပ်နဲ့ တန် ၂၃ဝခန့် အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ(RC)ကတော့ ပြည်ပတင်ပို့ရန်ဝယ်ယူနေတဲ့ ကုန်သည် များက ဝယ်အားသွက်နေတာကြောင့် ယခင်အပတ်နဲ့စာရင် ဈေးသိ သာစွာမြင့်လာပြီး တစ်တန်ကို ၅၇၅ဝဝဝ ကျပ်နဲ့ တန် ၃၄၅ ခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာ ပဲစင်းငုံနီ(သစ်)တွေ လှိုင်လှိုင်မဝင်သေးပေ မယ့် ဈေးကွက်အဝင်ရှိသလောက် ရန်ကုန်ဝယ်လက်နဲ့ မြို့ခံလှောင် လက်တွေအဝယ်သွက်နေသလို ရောင်းသူကုန်သည်များလည်း ဈေး ကောင်းရနေတယ်လို့ ပဲကုန်သည်များက ဆိုပါတယ်။