Main menu

Background

မန္တလေးမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံဈေးမြင့်လာ

Tue, 01/11/2011 - 05:53 -- Anonymous (not verified)

မန္တလေးကုန်စည်ဒိုင် စဉ် အမျိုးအမည်         ရေတွက်ပုံ                (ပြည်ပရောင်း)                (ပြည်တွင်းရောင်း)                   ပြောင်းလဲမှု                                                              ယခင်        ယခု                  ယခင်          ယခု ၁ ပဲတီစိမ်းကြီး             ၁ တန်                    ၈၂၆၇၂၆-၈၉၂၈၆၄                   -         -၂ မတ်ပဲ                     ၁ ပိဿာ                          - ၉၁ဝ-၉၈၃၃ ကုလားပဲဖြူလုံးကြီး   ၁ ပိဿာ                          -                                ၁၁၈ဝ-၁၂၄ဝ၄ ပဲစင်းငုံနီ                  ၁ ပိဿာ                         -                               ၈၁၅-၈၅ဝဆက်သွယ်ရန် ဖုန်း-ဝ၂-၃၄၂၇၃မန္တလေးမှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံဈေးမြင့်လာ                    ပဲတီစိမ်းကြီး (ထိပ်စ)ကို အရည်အသွေးအပေါ်မူတည်ပြီး တရုတ်ပြည်တင်ပို့ရန် ဝယ်ယူသူများကဈေးပေးအဝယ်ရှိတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးသိသိသာစွာာမြင့်လာပြီး တစ်ပိဿာက ို ၁၄၅၈ကျပ် (တစ်တန်ကို ၈၉၂၈၆၄ ကျပ်)နဲ့နေ့စဉ်အိတ် ၃ဝဝ ခန့်အဝယ်ရှိခဲ့သလို ပဲတီစိမ်းကြီး (ပုံမှန်စ)ကို ရန်ကုန်ဝယ်လက်က တစ်ပိဿာကို ၁၂၈ဝ ကျပ် (တစ်တန်ကို ၇၈၃၈၅၉ ကျပ်)နဲ့နေ့စဉ် အိတ် ၁၅ဝဝ ခန့်အဝယ်ရှိ ခဲ့တယ်လို့ သိရပါတယ်။ ပဲစင်းငုံနီ (သစ်)က မန်းဈေးကွက်သို့ အဝင် နည်းသေးပေမယ့် ရန်ကုန်ဝယ်လက်က အရည်အသွေး ကြိုက်နှစ် သက်လို့ ဈေးတိုးပေးပြီးအဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။အရောင်း အဝယ်ဖြစ်မှုက တစ်ပိဿာကို ၈၅ဝ ကျပ်(တစ်တန်ကို ၅၂ဝ၅၃၁ ကျပ်)နဲ့ နေ့စဉ်ဈေးကွက်အဝင်ရှိသလောက် အဝယ်ရှိခဲ့တယ်လို့ဆိုပါ တယ်။ပဲစင်းငုံနီ(ဟောင်း)က တစ်ပိဿာကို ၇၅ဝ ကျပ်(တစ်တန်ကို ၄၅၉၂၉၂ ကျပ်)နဲ့နေ့စဉ်အိတ် ၂ဝဝဝ ခန့်ကို ရန်ကုန်ဝယ်လက်ဝယ်က အဝယ်ပုံမှန်ရှိလို့ မြို့ခံကုန်သည်တစ်ဦးက ဆိုပါတယ်။ ကုလားပဲ ဖြူလုံးကြီးက ရောင်းသူကုန်သည်များထံတွင် ပစ္စည်းလက်ကျန်နည်း နေပေမယ့် ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်များနဲ့ ရန်ကုန်ဝယ်လက် က ဝယ်အားပုံမှန်ရှိလို့ ယခင်အပတ်နဲ့စာရင် ဈေးမြင့်လာပြီး တစ် ပိဿာကို ၁၂၄ဝ ကျပ်(တစ်တန်ကို ၇၅၉၃၆၃ ကျပ်)နဲ့နေ့စဉ်အိတ် ၂ဝဝ ခန့်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။