Main menu

Background

ပြည်မှာ ပဲတီစိမ်းကြီးဈေးမြင့်ပြီးမတ်ပဲဈေးငြိမ်

Tue, 01/11/2011 - 06:07 -- Anonymous (not verified)

ပြည်ကုန်စည်ဒိုင်စဉ် အမျိုးအမည်                ရေတွက်ပုံ             ဈေးနှုန်း(ကျပ်)               ပြောင်းလဲမှု                                                 ယခင်အပတ်            ယခုအပတ်၁ မတ်ပဲ                         ၁ ပိဿာ         ၁ဝ၅ဝ                ၁ဝ၅ဝ၂ ပဲတီစိမ်း                      ၁ ပိဿာ         ၁ဝ၇၅                 ၁၁၅ဝ၃ ကုလားပဲ                     ၁ ပိဿာ         ၁ဝ၈၅                  ၁၁ဝဝ၄ ပဲစင်းငုံနီ(သစ်)              ၁ ပိဿာ          ၇၆၅                    ၈၁၅ ပြည်မှာ ပဲတီစိမ်းကြီးဈေးမြင့်ပြီးမတ်ပဲဈေးငြိမ်                 ပဲတီစိမ်းကြီးက ပြည်ဈေးကွက်သို့ အဝင်ပုံမှန်ရှိသလို မန္တလေး ဝယ်လက်နဲ့ရန်ကုန်ဝယ်လက်ကလည်း အရည်အသွေးအပေါ်မူတည် ပြီး ဈေးပေးအဝယ်ရှိတာကြောင့်ယခင်လနဲ့စာရင် ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁၅ဝ ကျပ်(တစ်တန်ကို ၇ဝ၄၂၄၈ ကျပ်)နဲ့တစ်ပတ် အတွင်း အိတ် ၁၇ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲကတော့ ရန်ကုန်ဝယ်လက်နဲ့ မြို့တွင်းလက်လီသမားများက တစ်ပိဿာကို ၁ဝ၅ဝ ကျပ်(တစ်တန်ကို ၆၄၃ဝဝဝ ကျပ်)နဲ့တစ်ပတ် အတွင်း အိတ် ၁၂ဝဝ ခန့် အဝယ်ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေး ငြိမ်နေတယ်လို့ ဆိုပါတယ်။ကုလားပဲ(တိုင်ပေ)ကို မြို့ခံခွဲစက်လုပ်ငန်းရှင်များက အဝယ်များလာလို့ယခင်အပတ်နဲ့စာရင်ဈေးမြင့်လာပြီး တစ်ပိဿာကို ၁၁ဝဝ ကျပ်(တစ်တန်ကို ၆၇၃၆၂၉ ကျပ်)နဲ့တစ်ပတ် အတွင်းအိမ် ၁၆ဝဝ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။