Main menu

Background

ထိုင်း ဒီဇင်ဘာ ငွေကြေးဖောင်းပွမှု မြင့်တက်

Tue, 01/11/2011 - 08:14 -- Anonymous (not verified)

 ထိုင်း ဒီဇင်ဘာ ငွေကြေးဖောင်းပွမှု မြင့်တက်                   စွမ်းအင်နဲ့အစားအစာဈေးနှုန်းတွေမြင့်တက်တဲ့အတွက် ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခဲ့တယ်လို့ ဇန်နဝါရီ ၄ ရက်က ထုတ်ပြန်တဲ့ စာရင်းဇယားများမှာ တွေ့ရပါတယ်။ စီးပွားရေး အပူရှိန်လွန်ကဲမှုကို ကာကွယ်ဖို့ အတွက် ထိုင်းဗဟိုဘဏ်က အတိုးနှုန်းတွေထပ်မံတိုးတြက်မှင့်တင်မယ့် လက္ခဏာတွေတွေ့နေရပါတယ်။ ထိုင်းနိုင်ငံရဲ့စားသုံးသူဈေးနှုန်းဟာ ယခင်နှစ် အလားတူကာလနဲ့နှိုင်းယှဉ်ပါက နိုဝင်ဘာလအတွင်း ၂ ဒသမ ၈ ရာခိုင်နှုန်းနဲ့ ဒီဇင်ဘာလအတွင်း ၃ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ထိုင်းစီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။                 စွမ်းအင်ဈေးနှုန်းမတည်ငြိမ်တာနဲ့ ငွေလဲလှယ်နှုန်း တက်လိုက်ကျလိုက် ဖြစ်နေတာတွေက စီးပွားရေးရလဒ်  များကိုထိခိုက်စေနိုင်ပေမယ့် ၂ဝ၁၁ ခုနှစ်မှာ ငွေကြေးဖောင်းပွမှုနှုန်းက ၃ ဒသမ ၂ နဲ့ ၃ ဒသမ ၇ ရာခိုင်နှုန်းအထိ ရှိမယ်လို့ ဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။               ငွေကြေးဖောင်းပွမှုက အဓိကပြဿနာမဟုတ်ပေမယ့် ဗဟိုဘဏ်က အတိုးနှုန်းများကို ဆက်လက်တိုးမြှင့်ပေးသွားမယ်လို့ ထိုင်းကုန်သည်ကြီးများ အသင်း တက္ကသိုလ်မှ စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားပါတယ်။ ၂ဝ၁ဝ ပြညှ့်နှစ် အတွင်းမှာ ထိုင်းဗဟိုဘဏ်က အတိုးနှုန်းသုံးကြိမ်တိုးမြှင့်ခဲ့ပါတယ်။ နောက်ဆုံး တိုးမြှင့်ပေးတဲ့အကြိမ်မှာ သုညဒသမ ၂၅ ရာခိုင်နှုန်းတိုးပြီး ၂ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပါတယ်။ တခြားနိုင်ငံတွေလိုပဲ ထိုင်းနိုင်ငံက ၂ဝဝ၈ ခုနှစ်ကပေါ်ပေါက်ခဲ့တဲ့ ကမ္ဘာ့ အကျပ်အတည်းကာလအတွင်းမှာ ချေးငွေစရိတ်ကိုလျှော့ချပေးခဲ့ပါတယ်။                      ထိုင်းနိုင်ငံက ၂ဝ၁ဝ ပြည့် စက်တင်ဘာသုံးလပတ်မှာ ဒုတိယ မြောက် သုံးလပတ်အဖြစ် စီးပွားရေးဆုတ်ကပ် ဖြစ်ပေါ်ခဲ့ပါတယ်။ တခြား အာရှ ငွေကြေး များနဲ့အတူ ထိုင်းဘတ်ငွေဟာ ဒေါ်လာငွေကြေးနဲ့ဖလှယ်ရာမှာ ၁၃ နှစ် အတွင်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ထိုင်းငွေတန်ဖိုးမြင့်တက်တဲ့အတွက် ထိုင်းပို့ကုန် တွေရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းရည်ကို ကျဆင်းစေခဲ့ပါတယ်။ Source : AFP