Main menu

Background

ကမ္ဘာ့အလုပ်အများဆုံးဆိပ်ကမ်းအဖြစ် ရှန်ဟဲက စင်ကာပူကိုကျော်တက်

Tue, 01/11/2011 - 08:20 -- Anonymous (not verified)

 ကမ္ဘာ့အလုပ်အများဆုံးဆိပ်ကမ်းအဖြစ် ရှန်ဟဲက စင်ကာပူကိုကျော်တက်             ကမ္ဘာ့စီးပွားရေးနာလန်ထူမှုကြောင့် တရုတ်စီးပွားရေးဗဟိုဌာနဖြစ်တဲ့ ရှန်ဟဲဒေသမှာ ကုန်စည်သယ်ယူပို့ ဆောင်မှုတိုးတက်လာတဲ့အတွက် ရှန်ဟဲဒေသက စင်ကာပူနိုင်ငံကိုကျော်တက်ပြီး ၂ဝ၁ဝ ခုနှစ်မှာပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့အလုပ်အများဆုံး ဆိပ်ကမ်းတစ်ခုဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။                ရှန်ဟဲဆိပ်ကမ်းဟာ ၂ဝ၁ဝ ပြည့် အတွင်းမှာTEU လို့ခေါ်တဲ့ ပေ ၂ဝ ယူနစ်ရှိတဲ့ ကုန်သေတ္တာ ၂၉ ဒသမ ဝ၅ သန်းကို ကိုင်တွယ်ဖြေရှင်းခဲ့တဲ့အတွက် စင်ကာပူထက်TEU ကုန်သေတ္တာ ယူနစ် ၅ဝဝဝဝဝ ပိုမိုကိုင်တွယ်ဖြေရှင်း ခဲ့ရတယ်လို့ ရှန်ဟဲအစိုးရရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။               ယခုလို တိုးတက်ရတာဟာ စီးပွားရေး နာလန်ထူမှုနဲ့ရှန်ဟဲမှာ ခြောက်လ ကြာကျင်းပတဲ့ ကမ္ဘာ့ကုန်စည်ပြပွဲ ကျင်းပခဲ့လို့ ကုန်သေတ္တာနဲ့ ကုန်ပစ္စည်းတွေဆိပ်ကမ်းကို အသွားအလာများတာကြောင့် ဖြစ်ရတယ်လို့ အရာရှိတွေက ပြောကြား ပါတယ်။                ရှန်ဟဲကုန်စည်ကိုင်တွယ်ဖြေရှင်းမှု ဟာ ၂ဝ၁ဝ ပြည့်အတွင်းမှာ တန်ချိန် သန်း ၆၅ဝ ရှိပြီး ၂ဝဝ၉ ခုနှစ်က ရှိခဲ့တဲ့ တန်ချိန် သန်း ၅၉ဝ ကနေ တိုးတက်လာတာဖြစ်ပါတယ်။ ဒီပမာဏဟာ ကမ္ဘာမှာ အကြီးမားဆုံးပမာဏ ဖြစ်ပါတယ်။ ရှန်ဟဲဆိပ်ကမ်းက ဘဏ္ဍာရေး အကျပ်အတည်းကို ကျော်လွှားခဲ့ပြီး ဆိပ်ကမ်းရဲ့စွမ်းဆောင်ရည်ကို နှစ်ဆ တိုးမြှင့် နိုင်ခဲ့ပါတယ်။                သင်္ဘောသွားလာရေးလုပ်ငန်းကို ငွေကြေးပံ့ပိုးခြင်း၊ တစ်ဆင့်အာမခံ ဆောင်ရွက်ခြင်းနဲ့ ဝန်ဆောင်မှုလုပ်ငန်း တွေ ဆောင်ရွက်ပေးခြင်းဖြင့် ၂ဝ၂ဝ ပြည့်နှစ်မှာ ရှန်ဟဲဒေသကို ကမ္ဘာ့အဆင့်အတန်းမီ ဝန်ဆောင်မှုပေးတဲ့ သင်္ဘောသယ်ယူ ပို့ဆောင်ရေး ဗဟိုအချက်အချာဖြစ်လာအောင် တရုတ်ဝန်ကြီးအဖွဲ့က ကြေညာထားပြီး ဖြစ်ပါတယ်။ ှSource:AFP