Main menu

Background

ဖိလစ်ပိုင်အစိုးရက ပုဂ္ဂလိကလုပ်ငန်းရှင်များကို ယခင်နှစ်ထက် ဆန် နှစ်ဆ တင်သွင်းဖို့ ခွင့်ပြုမည်

Sun, 01/16/2011 - 03:21 -- Anonymous (not verified)

 ဖိလစ်ပိုင်အစိုးရက ပုဂ္ဂလိကလုပ်ငန်းရှင်များကို ယခင်နှစ်ထက် ဆန် နှစ်ဆ တင်သွင်းဖို့ ခွင့်ပြုမည်          ဆန်ပြတ်လပ်မှုမဖြစ်ပေါ်စေဖို့ ဖိလစ်ပိုင်အစိုးရဟာ ယခင်နှစ်က ပုဂ္ဂလိက ဆန်တင်သွင်းသူများကို တန်ချိန် ၂၂ဝဝဝဝ တင်သွင်းဖို့ ခွင့်ပြုခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၄၄ဝဝဝဝ ထိ တင်သွင်းဖို့ ခွင့်ပြုမယ်လို့ နိုင်ငံတော် စားနပ်ရိက္ခာအာဏာပိုင် စီမံခန့်ခွဲသူ Lito Banayo  က ဇန်နဝါရီလလ ၇ ရက်နေ့က ပြောကြားကြောင်းသိရပါတယ်။ ယခုနှစ်ဆန်တင်သွင်းမှု ပမာဏ ကို ပြောကြားခြင်းမရှိပေမဲ့ ကျန်လများ ဆန်သိုလှောင်မှုအတွက် အနည်းဆုံး တန်ချိန် ၁ ဒသမ ဝ၈ သန်း ဝယ်ယူ သွားမယ်ဆိုတာတော့ အတည်ပြု ပြောကြားခဲ့ပါတယ်။            နှစ်တစ်နှစ်ရဲ့ မုန်တိုင်းကာလများဖြစ်တဲ့ စက်တင်ဘာလတိုင်အောင် ဇူလိုင်၊ သြဂုတ်လများအတွင်း သိုလှောင်ဆန် ဖူလုံမှုအတွက် ဆန်တန်ချိန် တစ်သန်းက အစိတ်အပိုင်း တစ်ခုပါပဲလို့လည်း ၎င်းကဆိုပါတယ်။ ပထမ ၃ လအတွင်း ယခုနှစ်ရဲ့ ပထမ ဆန်တင်ဒါ ခေါ်ယူဖို့ စီစဉ်ထားပြီး ရာသီဥတုအပြောင်းအလဲအရ အရေးပေါ် ဆန်သိုလှောင်မှု ပမာဏကို ယခင် ရက် ၃ဝ စာမှ ၄ဝ အထိ တိုးမြင့်သွားမယ်လို့လည်း သိရပါတယ်။ နိုင်ငံတော်ရဲ့ တစ်ရက်ပျမ်းမျှ စားသုံးမှုဟာ တန်ချိန် ၃၆ဝဝဝ ရှိတယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ဗီယက်နမ်နဲ့ ဆန်ရောင်းချမှုသဘောတူညီချက်ကို ၂ဝ၁၃ ခုနှစ်အထိ သက်တမ်းတိုးခဲ့တယ်လို့ သိရပါတယ်။                                                                            လမင်းး၊ှSource: riceonline