Main menu

Background

ဗီယက်နမ်ဆန်တင်ပို့သူများ ပြည်ပရင်းနှီးမြှုပ်နံှသူများရဲ့ ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်လာရဖွယ်ရှိ

Sun, 01/16/2011 - 03:22 -- Anonymous (not verified)

ဗီယက်နမ်ဆန်တင်ပို့သူများ ပြည်ပရင်းနှီးမြှုပ်နံှသူများရဲ့ယှဉ်ပြိုင်မှုနဲ့ ရင်ဆိုင်လာရဖွယ်ရှိ  ဗီယက်နမ်နိုင်ငံဟာ စားနပ်ရိက္ခာဈေးကွက်ကို ပြည်ပ ရင်းနှီးမြူပ်နံှဖို့ ခွင့်ပြုပေးလိုက်တာကြောင့် ၂ဝ၁၁ ခုနှစ်မှာ ဗီယက်နမ်ဆန်တင်ပို့သူများအနေနဲ့ ကြီးမားတဲ့ အခက်အခဲနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်လို့ ဗီယက်နမ် စားနပ်ရိက္ခာအသင်း ဥက္ကဌ Truong Thanh Phong က ပြောကြားပါတယ်။ ယခုအချိန်ထိ ပြည်ပစားနပ်ရိက္ခာ လုပ်ငန်းရှင်များဟာ ဗီယက်နမ် လုပ်ငန်းရှင်များနဲ့ ဖက်စပ်လုပ်ငန်းများ တည် ထောင်လျက် ရှိတယ်လို့ ဆိုပါတယ်။ ဆန်လုပ်ငန်းရှင်များ ပြည်ပကုမ္မဏီများ လက်အောက်ကျဆင်းဖွယ်ရှိ               ဒါပေမဲ့ နိုင်ငံတကာသဘောတူညီချက်အရ စားနပ် ရိက္ခာဈေးကွက်ကို ပြည်ပလုပ်ငန်းရှင်များ လုပ်ကိုင်ခွင့် ပေး လိုက်တာကြောင့် ယခုနှစ်ကစပြီး ဗီယက်နမ်ရော ပြည်ပ လုပ်ငန်းရှင်တွေအားလုံးဟာ တစ်ပြေးညီ ဆောင်ရွက် ရတော့မယ် လို့ ဆိုပါတယ်။ ဒါကြောင့် ဆန်ကုန်သည်အသေးစားတွေဟာ ပြည်ပကုမ္ပဏီ လက်အောက်ကျဆင်းဖွယ် ရှိတယ်လို့ ဆိုပါ တယ်။ ပြည်ပကို ဆန်တင်ပို့နေတဲ့ ကုမ္ပဏီ ၁ဝဝ ကျော်ရှိပေမဲ့ ပုံမှန်တင်ပို့တဲ့ ကုမ္ပဏီကတော့ ၃ဝ ခန့်သာရှိတယ်လို့ ဆိုပါတယ်။ အခြားလုပ်ငန်းရှင်တွေဟာ လုပ်ငန်းအငယ်စား တွေပဲဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်တွင်း ဆန်တင်ပို့သူများ အရင်းအနှီး နည်းတဲ့ ပြဿနာရှိ              ဗီယက်နမ်လုပ်ငန်းရှင်တွေရဲ့ အကြီးမားဆုံးပြဿနာ ကတော့အရင်းအနှီးမရှိခြင်းဘဲလို့ Phong ဆိုပါတယ်။ စည်း မျဉ်းအရ ဘဏ်များက ချေးငွေရယူနိုင်ပေမဲ့ ၎င်းတို့အနေနဲ့ အတိုးနှုန်းမြင့်မားစွာပေးဖို့ မတတ်နိုင်ဘူးလို့ ဆိုပါတယ်။ ပြည်ပ လုပ်ငန်းရှင်တွေအနေနဲ့ အတိုးနှုန်း ၄ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ချေးယူနိုင်ပေမဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေကတော့ တစ်နှစ်ကို ၁၆ ဒသမ ၅ ရာခိုင်နှုန်း ပေးချေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဗီယက်နမ်လုပ်ငန်းရှင် များဟာ နစ်နာဆုံးရှုံး မှုများစွာ ဖြစ်ပေါ်နေတဲ့ အခြေအနေဖြစ်ပါတယ်လို့ Phong က ပြောကြားပါတယ်။ ပြည်ပရင်းနှီးမြုပ်နှံသူနဲ့ ပူးပေါင်းဖို့ လိုအပ်လို့ အချို့ကဆို                ကျွမ်းကျင်သူတစ်ဦးက အကြံပြုတာကတော့ ပိုမိုခိုင်မာ အားကောင်းလာစေဖို့ ဗီယက်နမ်လုပ်ငန်းရှင်များဟာ အစု အဖွဲ့ ဖွဲ့စည်းပြီး ပြည်ပရင်းနှီးမြှုပ်နံှသူများနဲ့ ဖက်စပ် တည်ထောင် သင့်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဗီယက်နမ် စားနပ် ရိက္ခာအသင်း (VFA )ကတော့ ဖက်စပ်ဆောင်ရွက်သွားခြင်း ဟာလည်း အကောင်းဆုံး ဖြေရှင်းမှု မဟုတ်ပါဘူးလို့ ဆိုပါ တယ်။ လတ်တလော ပြည်တွင်း လုပ်ငန်းရှင်တစ်ဦးဟာ ဆန် ထုတ်လုပ်ဖို့ ဟောင်ကောင်မိတ်ဘက်ကုမ္ပဏီနဲ့ အကိုျးတူ ဖွဲ့စည်း တည်ထောင်လျက်ရှိပြီး တစ်နေ့ကို တန်ချိန် ၅ဝဝ ခန့် ထုတ်လုပ်တယ်လို့ ဆိုပါတယ်။ ဟောင်ကောင်အကိုျးတူ ကုမ္ပဏီက ဓာတ်မြေသြဇာ ထောက်ပံ့ပေးပြီး ဆိုင်များမှာ ဖြန့်ဖို့ တာဝန်ယူရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီလို ထုတ်လုပ်မှု ပုံစံဟာလည်း အရင်က အောင်မြင်မှုမရှိခဲ့ဘူးလို့ VFA မှ အရာရှိတစ်ဦးက ဆိုပါတယ်။ ပြဌာန်းချက်အသစ်က ပြည်ပရင်းနှီးမြုပ်နှံမှုကို အကာအကွယ်ဖြစ်မယ်လို့ဆို                ယခုအသစ်ပြဌာန်းတဲ့ အမိန့်အမှတ် ၁ဝ၉ ဟာ ဆန် တင်ပို့တဲ့ဈေးကွက်ကို တရားဝင်ဖွင့်တဲ့ အချိန်မှာ ပြည်ပ ရင်း နှီးမြှုပ်နံှသူတွေ ဝင်ရောက်လာမှုကို အကာအကွယ်ဖြစ်စေမယ့် နည်းပညာအတားအဆီးတစ်ခုပါပဲလို့ ကျွမ်းကျင်ရှင်များက ဆိုပါတယ်။ အဲဒီအမိန့်အရ ပြည်ပရင်းနှီးမြှုပ်နံှသူတွေဟာ ပြည်ပကို တရားဝင်ဆန်တင်ပို့နိုင်ဖို့ ပြည်တွင်းလုပ်ငန်းရှင်တွေ နည်းတူ သိုလှောင်ရုံများနဲ့ ဆန်ကြိတ်ခွဲစက်များ ရှိရမယ်လို့ ဆိုပါတယ်။              အသစ်ပြဌာန်းတဲ့ ဥပဒေများထဲက အရေးအကြီးဆုံး တစ်ချက်ကတော့ အစိုးရအဆင့်မှာ ဆန်တင်ပို့ စာချုပ် လက်မှတ်ရေးထိုးချက်များအရ ဆန်တင်ပို့နိုင်တဲ့ အခွင့်အရေး ရရှိဖို့ လုပ်ငန်းရှင်အားလုံးဟာ လိုအပ်ချက် အားလုံး ပြည့်မီ ရမှာဖြစ်ပါတယ်။ ယခုအချိန်ထိတော့ VFA  အဖွဲ့ဝင်များက အထူးအခွင့်အရေးနဲ့ ဆန်တင်ပို့နေတယ်လို့ ဆိုပါတယ်။ အသစ် ချမှတ်လိုက်တဲ့ စည်းမျဉ်းများဟာ ပြည်ပဆန် တင်ပို့ ရာမှာ တိုးတက်တဲ့အဆင့်တစ်ခုရရှိဖို့ လိုအပ်ချက် မြင့်မား တယ်လို့ ဆိုပါတယ်။ သိုလှောင်ရုံများ၊ ဆန်ကြိတ်ခွဲစက်များ၊ ဆန်စက်ကြိတ်ခွဲနိုင်မှုပမာဏများ ပြည့်မီမှသာ တင်ပို့နိုင် မယ်လို့ ဆိုပါတယ်။ စွမ်းဆောင်ရည် မရှိတဲ့ လုပ်ငန်းရှင်များ ကို စစ်ထုတ်ပေး                  ယခင်က ဆန်ဈေးကွက်အတွင်း လုပ်ငန်းငယ်များစွာ ရှိပြီး ၎င်းတို့မှာ ဆန်သိုလှောင်မှုမရှိပေမဲ့ ပြည်ပကုန်သည်များနဲ့ ဆန်တင်ပို့စာချုပ်များ ချုပ်ဆိုထားကြတယ်လို့ ဆိုပါတယ်။ စာခုျပ်ထားပြီးမှ ဈေးကွက်မှာ ဆန်စုဆောင်းတဲ့အတွက် ဈေးနှုန်းမြင့်တက်အောင်ဖန်တီးသလိုဖြစ်နေတယ်လို့ ဆိုပါ တယ်။ ဒါကြောင့် ယခု စည်းမျဉ်းအသစ်များက လုပ်ငန်းရှင် အငယ်စားများ၊ စွမ်းဆောင်ရည်မရှိတဲ့ လုပ်ငန်းရှင်များ ပပျောက်အောင် စစ်ထုတ်ပေးသလိုဖြစ်ပါတယ်လို့ ကျွမ်းကျင်  သူများက ဆိုပါတယ်။  သတ်မှတ်ချက်များ မပြည့်စုံက ဆန်တင်ပို့မှုကို ရပ်ဆိုင်းရမယ်              အမိန့်အမှတ် ၁ဝ၉ အရ ဆန်တင်ပို့ကုမ္ပဏီများဟာ အနည်းဆုံး ဆန်တန်ချိန် ၅ဝဝဝ သိုလှောင်နိုင်တဲ့ သိုလှောင်ရုံ တစ်လုံး၊ တစ်နာရီကို အနည်းဆုံး ဆန် ၁ဝ တန်ကျ ကြိတ်ခွဲ နိုင်တဲ့ ဆန်စက်တစ်လုံး ရှိရမှာဖြစ်ပါတယ်။ ၂ဝ၁၁ ရဲ့ ပထမလများမှာ ဆန်တင်ပို့ဖို့ အခွင့်အလမ်းကြီးကြီးမားမား မမြင်ဘူးလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ လုပ်ငန်းရှင်များ အနေနဲ့ လိုအပ်ချက်တွေ ပြည့်စုံဖို့ အဆောက်အအုံတွေ ဆောက်လုပ်ပြုပြင်ရဖို့ အချိန် ၉ လ ပေးထားတယ်လို့ ဆိုပါ တယ်။ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁ဝ၁၂ ခုနှစ် စက်တင်ဘာလ အတွင်းမှသာလျှင် ဆန်တင်ပို့ဖို့ လိုအပ်ချက်များ ပြည့်စုံကြောင်း တင်ပြရမှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲဒီအချိန်ထိ လုပ်ငန်းရှင်တွေက သိုလှောင်ရုံ တွေ၊ ဆန်စက်တွေ ငှားရမ်းပြီး ပြသနေဦးမှာပဲလို့ ဆိုပါ တယ်။ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလကုန်ဆုံးတဲ့အထိ အဲဒီစည်း ကမ်းချက်တွေ မပြည့်စုံသေးဘူးဆိုရင် ၎င်းတို့ရဲ့ ဆန်တင်ပို့မှု လုပ်ငန်းများ ရပ်ဆိုင်းရမယ်လို့ ဆိုပါတယ်။ လမင်းး၊ ှSource: VNS