ယခင်အပတ်ထက် ပဲစင်းငုံ နှစ်ဆ အတင်ရှိ ယခင်သီတင်းပတ်က ပဲစင်းငုံတန်ချိန် ၂ဝဝဝ ခန့် သာ တင်ပို့မှု ရှိခဲ့ပေမဲ့ ယခုသီတင်းပတ် (ဇန်နဝါရီလ ၇ ရက်မှ ၁၂ ရက်) အတွင်းမှာတော့ တန်ချိန် ၄၄ဝဝ ခန့်အထိ ၂ ဆတိုးတက်လာတာတွေ့ရပါတယ်။ အိန္ဒိယမှာ ပဲစင်းငုံ အထွက် ကောင်းမယ်လို့ အစောပိုင်းက ခန့်မှန်းထားခဲ့ပေမဲ့ ရာသီဥတု အအေးလွန်ကဲခြင်းနဲ့ အခိုျ့ဒေသတွေမှာ ဒီဇင်ဘာလက မိုးရွာသွန်းမှုတွေကြောင့် အထွက် လျော့သလိုအရည်အသွေးလည်း ပျက်စီးမှုတွေရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် အိန္ဒိယ ဝယ်လက်တွေ မြန်မာပဲစင်းငုံဘက်လှည့်ပြီး အဝယ်ပြန်လိုက်လာခဲ့တာကြောင့် ပဲစင်းငုံဈေးက ခေါင်းပြန်မော့လာသလို တင်ပို့မှုလည်း တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲစင်းငုံတင်ပို့မှုကို လေ့လာကြည့်မယ်ဆိုရင် ဇန်နဝါရီလ ၇ ရက်နေ့အထိ တန်ချိန် ၈၃၆ဝဝ ခန့်သာ တင်ပို့မှုရှိခဲ့ပြီး ယခင် ဘဏ္ဍာနှစ်ကာလတူတင်ပို့မှုမှာ တန်ချိန် ၁၃၅ဝဝဝ ခန့်ရှိလို့ သိသိသာသာတင်ပို့မှု လျော့ကျ ခဲ့တာတွေ့ရပါတယ်။ မြင့်တက်လာတဲ့ ရန်ကုန် ၤဥြ ဈေးများကို ယခင် သီတင်းပတ်ဈေးနဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ၊ အဖြူ ၁၄-၁-၁၁ ၇၈ဝ-၈ဝဝ ၆၉ဝ-၇၁ဝ ၇-၁-၁၁ ၆၉ဝ-၇ဝဝ ၆၃ဝ-၆၄ဝ MIRT(MAPT)
Background