Main menu

Background

်အရောင်းအဝယ်သွက်ဈေးမြင့်လာတဲ့ မန်းပဲစင်းငုံ

Sun, 01/16/2011 - 03:49 -- Anonymous (not verified)

အရောင်းအဝယ်သွက်ဈေးမြင့်လာတဲ့ မန်းပဲစင်းငုံ                  မန်းဈေးကွက်အတွင်း ယခုတစ်ပတ်တွင် ပဲစင်းငုံနီကို ရန်ကုန်ဝယ်လက် သမားများ ဝယ်လိုအား ကောင်းလာ တဲ့အတွက် အရောင်းသွက်ပြီး ဈေးမြင့်လာ တာတွေ့ရပါတယ်။ ပစ္စည်းအဟောင်းရှိတဲ့ လှောင်လက်သမား များကလည်း ထုတ်ရောင်းလာကြသလို ဈေးကွက်အတွင်း ဝင်ရောက်လာတဲ့ ပဲစင်းငုံနီ အသစ်များကိုလည်း ဝယ်ယူနေတာကို တွေ့ရပါတယ်။ အသစ်ရော အဟောင်းပါ အရောင်းအဝယ်ကောင်းခဲ့တာကြောင့် ပဲစင်းငုံဈေးကွက် စည်ကားလာပါတယ်။ ယခုတစ်ပတ် ပဲစင်းငုံနီအသစ် တစ်ပိဿာ ၁ဝဝဝ ကျပ်၊ တစ်တန် ၆၁၂၃၉ဝ ကျပ်၊ ပဲစင်းငုံနီအဟောင်း တစ်ပိဿာ ၈၆၇ ကျပ်၊ တစ်တန် ၅၃ဝ၉ဝဝ ကျပ်ဈေးတို့ဖြင့် ဈေးမြင့်လာပြီး အရောင်းအဝယ် ဖြစ်နေကြကြောင်း သိရပါတယ်။ ကျော်ကျော်မိုး