Main menu

Background

ဈေးလှုပ်နေတဲ့ ပြည်ပဲစင်းငုံ

Sun, 01/16/2011 - 03:50 -- Anonymous (not verified)

ဈေးလှုပ်နေတဲ့ ပြည်ပဲစင်းငုံ              ယခုတစ်ပတ် ပြည်ဈေးကွက်သို့ အောင်လံ၊ ရေနံချောင်းမှ ပဲစင်းငုံအိတ် ၆ဝဝ အဝင်ရှိပြီး အနောက်ဘက်ကမ်း ပန်းတောင်းနဲ့ ဥသျှစ်ပင်မှလည်း နေ့စဉ် အိတ် ၄ဝဝ-၅ဝဝ အဝင်ရှိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ တိုင်းအတွင်းရှိ ပေါင်းတလည်၊ ပေါက်ခေါင်းမြို့နယ်များမှလည်း နေ့စဉ်အိတ် ၁ဝဝ နီးပါး အဝင်ရှိတယ်လို့ သိရပါတယ်။ စုစုပေါင်းဝင်ရောက်မှုအနေဖြင့် ပြည်ဈေးကွက်သို့ အိတ် ၁၁ဝဝ-၁၂ဝဝ ခန့် အဝင်ရှိပြီး တင်ပို့မှုအနေနဲ့ ရန်ကုန်ကို အိတ် ၅ဝဝ တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ ဈေးနှုန်းအနေဖြင့် ယခင်တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဈေးရှိပြီး ယခုတစ်ပတ်အစမှာတော့ တစ်တင်းကို ၁၈၅ဝဝ ကျပ်ထိ ဈေးမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ စပေါ်ချိန်မှသာ ဈေးကောင်းရနေပြီး နောက်ရက်များတွင် ဝယ်လက်များ အေးနေ ခြင်းကြောင့် ဈေးပြန်ကျခဲ့တယ်လို့ သိရပါတယ်။ တစ်တင်းကို ၁၇၈ဝဝ ကျပ်ထိ ဈေးကျခဲ့သော်လည်း ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဈေးအနည်းငယ် မြင့်နေ ကြောင်း သိရပါတယ်။                                                                                                              ဆုမွန်မွန်ဆွေ