Main menu

Background

ပဲစင်းငုံအသစ်များ မုံရွာကုန်စည်ဒိုင်သို့ ဝင်လာပြီ

Sun, 01/16/2011 - 03:53 -- Anonymous (not verified)

ပဲစင်းငုံအသစ်များ မုံရွာကုန်စည်ဒိုင်သို့ ဝင်လာပြီ            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် ပဲစင်းငုံလျာထား စိုက်ပျိုးဧက ၅ သိန်း၂ သောင်း ဖြစ်ပြီး ဧက ၅ သိန်း ၄ သောင်းကျော်စိုက်လို့ ၁ဝ၄ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ပါတယ်။ ပဲစင်းငုံအထွက် အနည်းငယ်နောက်ကျလို့ ယခုအပတ်မှ စတင်ပြီး ပဲစင်းငုံအသစ်များဝင်ရောက်လာခဲ့ပါတယ်။ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦးမြို့နယ်များမှ မုံရွာမြို့သို့ တစ်ရက်ကို တင်း ၃ဝဝ၊ ၄ဝဝ စတင်ဝင်ရောက် လာပြီဖြစ်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခုဇန်နဝါရီလ ၁၁ ရက်အတွင်း ပဲစင်းငုံတစ်ပိဿာ ပေါက်ဈေးအနိမ့်၊ အမြင့်မှာ အဟောင်း ၇၂၅ ကျပ်၊ ၈၄ဝ ကျပ်၊ အသစ် ၈၂၅ ကျပ်၊ ၉၂ဝ ကျပ်ဈေးအသီးသီးနဲ့ အရောင်းအဝယ် ပြုလုပ်ကြပါတယ်။ ရန်ကုန်၊ မန္တလေးဝယ်လက်သမားများက ပဲစင်းငုံအဟောင်းကို အဝယ်များပြီး ဒေသတွင်း ကုန်သည်လှောင်လက်သမားများက ပဲစင်းငုံအသစ်ကို ဝယ်ယူသိုလှောင်ကြကြောင်း ကုန်စည်ဒိုင်သတင်း ရပ်ကွက်က သိရပါတယ်။ ယခုလ ဇန်နဝါရီလ ၁၁ ရက်အတွင်း မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ ပဲစင်းငုံအဟောင်းတင်း ၁၃ဝဝ ခန့် ပဲစင်းငုံအသစ်တင်း ၅ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။                                                                                  သန်းးသန်းးတင်