Main menu

Background

ပုံမှန်အတိုင်း တင်ပို့နေတဲ့ ပဲလွန်းဖြူ

Sun, 01/16/2011 - 03:56 -- Anonymous (not verified)

ပုံမှန်အတိုင်း တင်ပို့နေတဲ့ ပဲလွန်းဖြူ                ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုအနေနဲ့ အပတ်စဉ်တန်ချိန် ၂ဝဝ အထက်အောက်ဝန်းကျင်နဲ့ ပုံမှန်တင်ပို့ မှုရှိသလို ယခုတစ်ပတ် (ဇန်နဝါရီလ ၇ ရက်မှ ၁၂ ရက်) အတွင်းမှာလည်း တန် ချိန် ၂၃ဝ ခန့် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ပြည်တွင်းဈေးကွက်တွေကို ပဲလွန်းဖြူတော်တော်များများ ဝင် ရောက်နေပြီဖြစ်လို့ ပြည်ပ တင်ပို့သူများ အနေနဲ့ အဟောင်းလက်ကျန်တွေရော အသစ်အချို့ပါ တင်ပို့မှုရှိနေတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ဖိလစ်ပိုင်နဲ့ စင်ကာပူ ကို သွားတာ တွေ့ရပါတယ်။ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၇ ရက် နေ့အထိ ဘဏ္ဍာနှစ်အတွင်း တင်ပို့မှုကို လေ့လာရာမှာ စုစုပေါင်း တန်ချိန် ၁၈ဝဝဝ ခန့်ရှိပြီးယခင်ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှုမှာ တန်ချိန် ၂၅ဝဝဝ ခန့်ရှိလို့ တန် ၇ဝဝဝ ခန့်လျော့နည်းနေ သေးတာ တွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်က  FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ- ၇၇ဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၆ဝ-၈၇ဝ ရှိရာမှ ဇန်နဝါရီလ ၁၄ ရက်မှာ FAQ တစ်တန်ကို ကန်ဒေါ် လာ ၈ဝဝ-၈၂ဝ ၊ SQ တစ်တန်ကို ကန် ဒေါ်လာ ၉ဝဝ-၉၂ဝ ကို ဈေးတိုးလာ ကြောင်း သိရပါတယ်။                                                                                                                               MIRT - MAPT