Main menu

Background

နယ်စပ်စခန်းများမှ ပဲလွန်းဖြူနဲ့ ချင်းပဲ ယခုအပတ်မှာ တင်ပို့နိုင်

Sun, 01/16/2011 - 03:58 -- Anonymous (not verified)

နယ်စပ်စခန်းများမှ ပဲလွန်းဖြူနဲ့ ချင်းပဲ ယခုအပတ်မှာ တင်ပို့နိုင်                 ဇန်နဝါရီလ ၅ ရက်မှ ၁၁ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅)မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက် နိုင်ငံသို့ ပဲလွန်းဖြူ တန် ၁၂ဝ ကန်ဒေါ်လာ ဝ ဒသမ ဝ၉၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၂ ရက် မှ ၂၈ ရက်ထိ ကာလအတွင်းကလည်း ပဲလွန်းဖြူ တန် ၉ဝ ကျော် မူဆယ်မှ တင်ပို့နိုင်ခဲ့ရာ ယခုအပတ်မှာ တန် ၃ဝ ခန့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ တမူးနယ်စပ် ကုန်သွယ်ရေးမှတစ်ဆင့် ချင်းပဲ ၅ တန် ကန်ဒေါ်လာ ၄ဝဝဝ ဖိုးကို ယခု အပတ်အတွင်း တင်ပို့နိုင်ခဲ့ပါသေးတယ်။ ပဲယင်းကိုတော့ ဒီဇင်ဘာလအတွင်းမှ ၁၇ တန် တင်ပို့နိုင်ခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ ဧပြီလမှ ဒီဇင်ဘာလထိ ၉ လ တာ ကာလအတွင်းမှာ တန်ချိန် ၂၄ဝဝ ကျော် နယ်စပ်မှ တင်ပို့နိုင်ခဲ့တယ် လို့သိရပါတယ်။ DOBT (MIRT)