Main menu

Background

ပင်လယ်ရေကြောင်းက ပုံမှန်သာ တင်ပို့မှုရှိတဲ့ ပဲတီစိမ်း

Sun, 01/16/2011 - 04:02 -- Anonymous (not verified)

ပင်လယ်ရေကြောင်းက ပုံမှန်သာ တင်ပို့မှုရှိတဲ့ ပဲတီစိမ်း              ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုအနေနဲ့ ယခုတစ်ပတ်မှာလည်း တန်ချိန် ၂၇ဝဝ ခန့်နဲ့ ယခင် သီတင်းပတ် တွေလိုပဲ ပုံမှန်သာတင်ပို့မှုရှိနေတာတွေ့ရပါတယ်။ လက်ရှိ အိန္ဒိယဝယ်လက်များအနေနဲ့ ပဲတီစိမ်း လက်ကျန်အဟောင်းတွေကို ဝယ်ယူမှုနည်းပြီး ဖေဖော်ဝါရီမှာ ထွက်ပေါ်မဲ့ ပဲတီစိမ်းအသစ်တွေကိုသာ ဝယ်လိုနေကြတယ်လို့ သိရပါတယ်။ လတ်တလော အိန္ဒိယ ဝယ်လက်အဝယ်နည်းပေမဲ့ နယ်စပ်ဘက်က တရုတ်ဝယ်လက်ကတော့ အဆွဲသွက်နေလို့ ပြည်တွင်းဈေးလည်း မြင့်တက် နေတာ တွေ့ရပါတယ်။              လက်ရှိဘဏ္ဍာနှစ် ပဲတီစိမ်းတင်ပို့မှုအနေနဲ့ ဇန်နဝါရီလ ၇ ရက်နေ့အထိ တန်ချိန် ၁၈၃ဝဝဝ ခန့်တင်ပို့မှုရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူတင်ပို့မှုမှာ တန်ချိန် ၁၉၃ဝဝဝ ကျော်ရှိတဲ့အတွက် ပဲတီစိမ်းအနေနဲ့ တန် တစ်သောင်းခန့်သာ လျော့ကျတာ တွေ့ရပါတယ်။ ဒီနှစ်မှာ ဈေးကောင်းရတာကြောင့် ဝင်ငွေအနေနဲ့ကတော့ ယခင်နှစ်ထက် ဒေါ်လာ သန်း ၇ဝ ပိုဝင်ခဲ့ပါတယ်။ မြင့်တက်နေတဲ့ ရန်ကုန် FOB  ဈေးများကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                  ပဲတိစိမ်း (အညာ/ပခုက္ကူ)                         ပဲတီရွှေဝါသေး၁၄-၁-၁၁          ၉ဝဝ-၉၂ဝ                                     ၁၂၂ဝ-၁၂၄ဝ၇-၁-၁၁            ၈ဝဝ-၉ဝဝ                                     ၁၂ဝဝ-၁၂၂ဝ                                                                                                                    MIRT (MAPT)